(၁၀)နှစ်အရွယ်သမီးဖြစ်သူရဲ့ သီဆိုဖျော်ဖြေမှုမှာ ဆွံ့အသွားခဲ့တဲ့ အဆိုတော် မီးမီးခဲ

2020-02-09 15:54:09


(၁၀)နှစ်အရွယ်သမီးဖြစ်သူရဲ့ သီဆိုဖျော်ဖြေမှုမှာ ဆွံ့အသွားခဲ့တဲ့ အဆိုတော် မီးမီးခဲ

(၁၀)နှစ်အရွယ်သမီးဖြစ်သူရဲ့ သီဆိုဖျော်ဖြေမှုမှာ ဆွံ့အသွားခဲ့တဲ့ အဆိုတော် မီးမီးခဲ


ကလေးဆန်ဆန်မျက်နှာလေးနဲ့ ချစ်စရာကောင်းလှတဲ့ အဆိုတော်မီးမီးခဲကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့ပြီး သြစတေးလျနိုင်ငံမှာ မိသားစုနဲ့အတူနေထိုင်နေတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ (၁၀)နှစ်အရွယ်ချစ်သမီးလေးရဲ့ သီဆိုဖျော်ဖြေမှုကြောင့် ဆွံ့အသွားခဲ့ရတဲ့အကြောင်းကို “စွန်ကလေး ဘားဘီ တေးရေး စောဘွဲ့မှူး သမီးကြီး (၁၀) နှစ်ကလေး ဘားဘီ က သူကျောင်း နှစ်(၅၀) ပြည့်သဘင်မှာ သူ့အဖိုးရဲ့ စွန်ကလေး သီချင်းကို live ဆိုသွားတာ ကောင်းလွန်းလို့အမေတောင်ဆွံ့အ” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဗီဒီယိုဖိုင်လေးနဲ့အတူ ဖော်ပြထားပါတယ်။


မီးမီးခဲလို့ဆိုလိုက်တာနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် VCDခေတ်အချိန်အခါထဲက ပရိသတ်တွေအားပေးခဲ့ရတဲ့ ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်တော့ဘူးလို့ထင်ပါတယ်။မီးမီးခဲဟာ ဆိုးရွားလှတဲ့ ကင်ဆာရောဂါဝေဒနာတွေကို ခံစားခဲ့ရပြီး စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဆေးကုသမှုခံယူခဲ့တာကြောင့် လက်ရှိမှာဆိုရင် ပျောက်ကင်းလုနီးပါးအထိကျန်းမာရေးကပြန်လည်ကောင်းမွန်လာပြီပဲဖြစ်ပါတယ်။မီးမီးခဲ နိုင်ငံခြားမှာနေထိုင်နေခဲ့ပြီး ကျန်းမာရေး အခြေအနေကြောင့် (၆)နှစ်တာကာလလောက် အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ပေမဲ့ လတ်တလော မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာချိန်မှာတော့ တစ်ကိုယ်တော်ရှိုးပွဲလေးလုပ်ခဲ့ပါသေးတယ်။


ပရိသတ်ကြီးရေ အဆိုတော်မီးမီးခဲကိုယ်တိုင်ပါ ဆွံ့အသွားခဲ့ရတဲ့ အသက်(၁၀)နှစ်အရွယ် ချစ်သမီးလေးရဲ့ အဖိုးဖြစ်သူရဲ့သီချင်းလေးဖြစ်တဲ့ စွန်ကလေး သီချင်းကို သီဆိုဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးနားဆင်ရအောင် ပြန်လည်မျှဝေလိုက်ပါတယ်နော်။