နေခြည်ဦးရဲ့ ရင်သားနဲ့ မေးရိုးခွဲစိတ်တဲ့ ပထမဆုံးနေ့အတွေ့ကြုံဗီဒီယိုလေး

2020-02-09 16:10:05


နေခြည်ဦးရဲ့ ရင်သားနဲ့ မေးရိုးခွဲစိတ်တဲ့ ပထမဆုံးနေ့အတွေ့ကြုံဗီဒီယိုလေး

နေခြည်ဦးရဲ့ ရင်သားနဲ့ မေးရိုးခွဲစိတ်တဲ့ ပထမဆုံးနေ့အတွေ့ကြုံဗီဒီယိုလေး


ပရိသတ်ကြီးရေ .. ပြီးခဲ့တဲ့နေ့က ပရိသတ်တွေကိုအသည်းတယားယားဖြစ်အောင် နေခြည်ဦးတစ်ယောက် သူမရဲ့ ရင်သားနဲ့ မေးရိုးခွဲစိတ်တဲ့ Short Video လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ သူမ ခွဲစိတ်မှုတစ်ခုပြုလုပ်တိုင်း အမြဲတမ်း ပရိသတ်တွေကိုမျှဝေပေးနေကြဖြစ်တဲ့ အတွက် ဒီတစ်ခေါက် သူမရဲ့ ခွဲစိတ်မှုကရော ဘယ်လိုအတွေ့ကြုံတွေ နဲ့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြပြီထင်ပါတယ် ။


ဒီနေ့မှာတော့ နေခြည်က သူမရဲ့ ရင်သားနဲ့မေးရိုးခွဲစိတ်မှု ပထမဆုံးနေ့ အတွေ့ကြုံလေးတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို သူမရဲ့ Youtube ကနေတဆင့် ပရိသတ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါပြီ ။ မြန်မာနိုင်ငံက စတင်ထွက်ခွာတဲ့နေ့ကစပြီး ဆေးရုံမှာ ဆရာဝန်တွေနဲ့ ဆွေးနွှေးမှုတွေ ၊ ကျန်းမာရေး စစ်ဆေးချက် တွေပြုလုပ်မှုတွေ နဲ့ တစ်စုံတစ်ခုအမှားယွင်းဖြစ်သွားခဲ့ရင် လူနာဘက်က တာဝန်ယူပါမယ် ဆိုတဲ့ သဘောတူ လက်မှတ်ရေးထိုးရမှုတွေ အစရှိတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရဲ့ ဆေးရုံမှာ ခွဲစိတ်ခဲ့တဲ့ သူမရဲ့ အတွေ့ကြုံတွေကို ဗီဒီယိုလေးနဲ့ ပရိသတ်တွေအတွက် တဆင့်ပြန်လည် မျှဝေပေးထားတာဖြစ်ပါတယ် ။


ဗီဒီယိုကို အပိုင်း (၃) ပိုင်းခွဲပြီး ပရိသတ်တွေကိုမျှ ဝေပေးသွားမှာဖြစ်တဲ့အတွက် နောက်ထပ် ခွဲစိတ်ပြီး အတွေ့ကြုံတွေနဲ့ ခံစားချက်တွေကိုလည်း နောက် ဗီဒီယိုတွေမှာ ဆက်လက် ဖော်ပြသွားမှာဖြစ်ပါတယ် ။ ခွဲစိတ်မှုကို စိတ်ဝင်စားပေမယ့်လည်း ဘယ်က စစုံစမ်းပြီး ဘယ်လိုတွေ ဆောင်ရွက်ရမယ်ဆိုတာမသိသေးတဲ့ ပရိသတ်တွေအတွက် နေခြည်ရဲ့ လမ်းညွှန်မှုလေးကို အခုပဲ ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။