တမူထူးခြားတဲ့ ပြင်ဆင်မှုလေးနဲ့ ခင်ဝင့်ဝါလေးကိုအလှဆုံးပြင်ပေးထားတဲ့ မထက်

2020-02-10 14:15:37


တမူထူးခြားတဲ့ ပြင်ဆင်မှုလေးနဲ့ ခင်ဝင့်ဝါလေးကိုအလှဆုံးပြင်ပေးထားတဲ့ မထက်

တမူထူးခြားတဲ့ ပြင်ဆင်မှုလေးနဲ့ ခင်ဝင့်ဝါလေးကိုအလှဆုံးပြင်ပေးထားတဲ့ မထက်


မိတ်ကပ်လောကမှာ အကောင်းဆုံးပြင်ဆင်ခြယ်သမှုတွေကြောင့် ဆရာတစ်ဆူအနေနဲ့သတ်မှတ်လို့ရတဲ့ မိတ်ကပ် မထက်ကိုပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။သူမဟာမိန်းမလျာတစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးတွေပါငေးမောသွားစေနိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အရပ်အမောင်းကိုပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။မထက်ဟာ ယခုလတ်တလောတွင် ရုပ်ရှင်ကားကြီးများလည်းရိုက်ကူးအောင်မြင်နေပြီပဲဖြစ်ပါတယ်။


မကြာသေးမီက မထက်ဟာသူမရဲ့facebookစာမျက်နှာတွင် “ဝင့်ဝါလေးအတွက် ပြင်ပေးဖြစ်တာ”ဆိုတဲ့captionလေးနဲ့ ခင်ဝင့်ဝါရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုတင်ပေးလာပါတယ်။မထက်ဟာ အမြင်ဆန်းသစ်သွားစေနိုင်အောင် ပြင်ဆင်ခြယ်သထားတာဖြစ်ပြီး မျက်ကပ်မှန်အပြာလေးဟာလည်း ပိုပြီးဆွဲဆောင်မှုရှိသွားစေတာအမှန်ပါပဲနော်။


မထက်ဟာ ကျားကျားကြိုက်ကြိုက်ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးအောင်မြင်ထားတာဖြစ်ပြီး music videoတွေလည်းရိုက်ကူးနေတာပါ။ပရိတ်သတ်ကြီးရော မထက်ကိုအားပေးကြတယ်မလား။အမိုက်စားဖြစ်အောင် ပြင်ဆင်ခြယ်သပေးထားတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။