မြစ်ကြီးနားမရောက်ဖူးတဲ့ ဘင်ဂျမင်ဆုမ်းကို အလည်လိုက်ပို့နေတဲ့ နော်စေးစေးထူး

2020-02-11 14:07:02


မြစ်ကြီးနားမရောက်ဖူးတဲ့ ဘင်ဂျမင်ဆုမ်းကို အလည်လိုက်ပို့နေတဲ့ နော်စေးစေးထူး

မြစ်ကြီးနားမရောက်ဖူးတဲ့ ဘင်ဂျမင်ဆုမ်းကို အလည်လိုက်ပို့နေတဲ့ နော်စေးစေးထူး


မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း နော်စေးစေးထူးကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ အတူတူပြိုင်ပွဲဝင်ခဲ့ရတဲ့ Top(3) ပြိုင်ပွဲဝင် ဘင်ဂျမင်ဆုမ်းဟာ မြစ်ကြီးနားမရောက်ဖူးတာကြောင့် အလည်လိုက်ပို့နေတဲ့အကြောင်းကို “မကန ကိုပထမဆုံးစရောက်ဖူးတဲ့ ဧည့်သည်ကိုခေါ်လည်” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။


နော်စေးစေးထူးနဲ့ ဘင်ဂျမင်ဆုမ်းတို့ကတော့ မြန်မာပြည်သူတစ်စုလုံး စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ မြန်မာအိုင်ဒေါ Season-4 ရဲ့ပြိုင်ပွဲဝင်တွေဖြစ်ပြီး နော်စေးစေးထူးဟာ သီချင်းအပေါ်မှာခံစားသက်ဝင်မှုအားအကောင်းဆုံးနဲ့ သီဆိုနိုင်တဲ့ပြိုင်ပွဲဝင်ဖြစ်တာကြောင့် ပွဲစဉ်တစ်လျှောက်လုံးမှာ တစ်ကြိမ်သာရတဲ့ ဒိုင်တွေရဲ့ Safe လုပ်ခြင်းကို ခံခဲ့ရသူပဲဖြစ်ပါတယ်။ ချင်းတိုင်ရင်းသားလေး ဘင်ဂျမင်ဆုမ်းကတော့ ကချင်ပြည်နယ်မြစ်ကြီနားကိုမရောက်ဖူးတာကြောင့် ကရင်-လီဆူ ကပြားမလေး နော်စေးစေးထူးက နေရာအနှံ့လိုက်ပို့ခဲ့တာနော်။ သူတို့(၂)ဦးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးနောက် ဖျော်ဖြေရေးတွေဆက်တိုက်လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။


ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း နော်စေးစေးထူးကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ အတူတူပြိုင်ပွဲဝင်ခဲ့ရတဲ့ Top(3) ပြိုင်ပွဲဝင် ဘင်ဂျမင်ဆုမ်းဟာ မြစ်ကြီးနားမရောက်ဖူးတာကြောင့် အလည်လိုက်ပို့နေတာတဲ့နော်။ ပရိသတ်ကြီးထဲမှာရော ဘင်ဘင်လို့ မြစ်ကြီးနားမရောက်ဖူးတဲ့သူတွေရှိကြလား။