ကြီးလာရင် မေမေ့သီချင်းပြန်ဆိုမယ်ဆိုတဲ့ စန္ဒီမြင့်လွင်ရဲ့ချစ်သမီးလေးခင်လင်းထင်

2020-02-11 14:09:35


ကြီးလာရင် မေမေ့သီချင်းပြန်ဆိုမယ်ဆိုတဲ့ စန္ဒီမြင့်လွင်ရဲ့ချစ်သမီးလေးခင်လင်းထင်

ကြီးလာရင် မေမေ့သီချင်းပြန်ဆိုမယ်ဆိုတဲ့ စန္ဒီမြင့်လွင်ရဲ့ချစ်သမီးလေးခင်လင်းထင်


နိုင်ငံကျော်အဆိုတော် စန္ဒီမြင့်လွင်ကတော့ သူ့ရဲ့တစ်ဦးတည်းသောချစ်သမီးလေး ခင်လင်းထင်ဟာ ကြီးလာရင် မေမေ့သီချင်းပြန်ဆိုမယ့်အကြောင်းကို “သမီးမန်းမန်းစားတော့မယ်နော် အော် ဒါနဲ့လေမေမေ့သီချင်းအသစ် အသည်းနာသီချင်းကို နားထောင်းပေးကြရှဲပေးကြ ပို့စ်တင်ပေးကြတဲ့သူတွေ တစ်ယောက်ချင်းစီတိုင်းကို မီးမီးတို့မိသားစုကကျေးဇူးအထူးတင်ပါတယ်ရှင် သိပ်မကြာခင်MVလဲထွက်တော့မယ် အားပေးကြပါနော် သမီးကြီးလာရင်မေမေ့သီချင်းတွေ အကုန်ပြန်ဆိုမှာနော်” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။


စန္ဒီမြင့်လွင်ကတော့ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့နဲ့ သွေးသားတော်စပ်တဲ့အပြင် သူကိုယ်တိုင်လည်း အောင်မြင်တဲ့အမျိုးသမီး အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပါသေးတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သမီးလေးတစ်ယောက်ထွန်းကားခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပရိသတ်တို့ရဲ့ဝန်းရံအားပေးမှုကို ရရှိနေဆဲအနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာမကြာသေးမီကမှ အသည်းနာ ဆိုတဲ့ အသည်းကွဲသီချင်းလေးတစ်ပုဒ်ထွက်ခဲ့ပြီး ပရိသတ်တွေမှ နှစ်ခြိုက်သဘောကျနေတာလည်းဖြစ်ပါတယ်။


ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် စန္ဒီမြင့်လွင်ကတော့ သူ့ရဲ့တစ်ဦးတည်းသောချစ်သမီးလေး ခင်လင်းထင်ဟာ ကြီးလာရင် မေမေခြေရာနင်းပြီး သီချင်းပြန်ဆိုမှာတဲ့နော်။ စန္ဒီမြင့်လွင်ဟာ သူ့ရဲ့သီချင်းအသစ် အသည်းနာ သီချင်းကမကြာခင် MVလဲထွက်တော့မှာတဲ့နော်။