တစ်ယောက်တည်းနေပြီး တန်ဖိုးရှိနေတာက ပိုကောင်းတယ်ဆိုတဲ့ ရွှေအိမ်စည်

2020-02-11 17:09:49


တစ်ယောက်တည်းနေပြီး တန်ဖိုးရှိနေတာက ပိုကောင်းတယ်ဆိုတဲ့ ရွှေအိမ်စည်

တစ်ယောက်တည်းနေပြီး တန်ဖိုးရှိနေတာက ပိုကောင်းတယ်ဆိုတဲ့ ရွှေအိမ်စည်


မြန်မာကိုယ်စားပြု အလှမယ် တယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ လက်ရှိမှာဆိုရင် အလှမယ် တယောက် သာမက သူ့ရဲ့ချောမောလှပတဲ့ ရုပ်ရည်ကြောင့်လည်း သရုပ်ဆောင် မင်းသမီး တယောက် အနေနဲ့ ရပ်တည်နေပြီ ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ အရမ်းလှပ ကျော့ရှင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အလယ်မှာ မြန်မာကို ဂုဏ်တက်အောင် လုပ်ဆောင်ပေးနေတဲ့ အလှမယ်လည်း ဖြစ်ပါတယ်။


ရွှေအိမ်စည်ကသူ့ရဲ့ ပြီးခဲ့တဲ့အချစ်ရေးကို ပရိသတ်ရှေ့ကိုချပြခဲ့ဖူးပေမယ့် အခုနောက်ပိုင်းမှာတော့ချစ်သူထပ်မထားတော့ပဲ အနုပညာအလုပ်တွေနဲ့ ဇယ်ဆက်သလိုရှုပ်နေပြီး ပရိသတ်တွေအတွက်ကြိုးစားနေတာပါ။ ခပ်ချေချေခပ်တင်းတင်း ပုံစံလေးကြောင့် ပရိသတ်တွေအသည်းယားပြီး ဝိုင်းချစ်တာခံရတဲ့ ရွှေအိမ်စည်က အချစ်ရေး၊လူမှုဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး သူမတူတဲ့ အမြင်တွေကိုလည်း ပိုင်ဆိုင်ထားသူပါ။ ရွှေအိမ်စည်က အချစ်ရေးနဲ့ ပတ်သက်ပြီး သူမကို ရှေ့ကဦးဆောင်တဲ့သူမျိုး၊ ဒါမှမဟုတ် သူမ အနောက်က လိုက်မယ့်သူမျိုးထက် ဘေးမှာအတူယှဉ်တွဲပြီး ဘဝကို ရင်ဆိုင်တိုက်ပွဲဝင်မယ့် သူမျိုးပဲ လိုချင်တယ်လို့ မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။


ရွှေအိမ်စည်က မကြာသေးမီက သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ပရိသတ်တွေကို အချစ်ရေးနဲ့ ပတ်သက်ပြီး အကြံဉာဏ်လေးပေးထားခဲ့ပါတယ်။ ရွှေအိမ်စည်က ပရိသတ်တွေကို ကိုယ့်ကိုတန်ဖိုးမထားတဲ့သူနားမှာ မနေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်ဖို့ အကြံပေးလိုက်တာပါ။ ရွှေအိမ်စည်က သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ အထာကျတဲ့ ဓာတ်ပုံလေးနဲ့အတူ “ကိုယ့်ကို တန်ဖိုးမထားတဲ့သူတယောက်နဲ့ relationship ဖြစ်နေတာထက်စာရင် တယောက်ထဲနေပြီး တန်ဖိုးရှိနေတာက ပိုပြီးကောင်းတယ် value yourself”လို့ ရေးတင်ထားခဲ့တာပါ။ ပရိသတ်တွေကတော့ comment မှာ ရွှေအိမ်စည်ကို ထောက်ခံထားကြတာလည်းတွေ့ရပါတယ်။ ရွှေအိမ်စည်က လက်ရှိမှာ ရုပ်ရှင်ကားကြီးတွေရိုက်ထားသလို အနုပညာအလုပ်တွေဆက်တိုက်ဆိုသလိုလုပ်နေပြီး အစ်ကိုဖြစ်သူနဲ့ အတူတူ အလုပ်တွေလုပ်နေတာလည်းဖြစ်ပါတယ်။


့ပရိသတ်ကြီးရော ရွှေအိမ်စည်ကိုချစ်ကြလား။ အိမ်စည့်ရဲ့ နောက်ထပ်ထွက်ရှိလာမယ့် ရုပ်ရှင်ကားကြီးတွေကိုရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။