နန်းသူဇာနဲ့ လမ်းခွဲလိုက်ပြီလို့ ပရိသတ်တွေကို ထုတ်ပြောလာတဲ့ ကျော်ထွဋ်ဆွေ

2020-02-12 16:58:52


နန်းသူဇာနဲ့ လမ်းခွဲလိုက်ပြီလို့ ပရိသတ်တွေကို ထုတ်ပြောလာတဲ့ ကျော်ထွဋ်ဆွေ

နန်းသူဇာနဲ့ လမ်းခွဲလိုက်ပြီလို့ ပရိသတ်တွေကို ထုတ်ပြောလာတဲ့ ကျော်ထွဋ်ဆွေ


မော်ဒယ်၊ သရုပ်ဆောင် နန်းသူဇာနဲ့ အဆိုတော် ကျော်ထွဋ်ဆွေတို့က ငယ်စဉ်ကတည်းက ပရိသတ်တွေ အားပေးခဲ့ရတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ ဘာလုပ်လုပ် စိတ်တူကိုယ်တူရှိလွန်းတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာကို ပရိသတ်တွေက နတ်ဖက်တဲ့ စုံတွဲလေးလို့တောင် တင်စားကြပါတယ်။ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက စီးပွားရေးလုပ်ငန်းတွေကိုလည်း နှစ်ယောက်ပူးပေါင်းလုပ်ကိုင်နေလျက်ရှိပါတယ်။


ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်စုံတွဲလေး ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက ဒီနေ့မှာတော့ မမျှော်လင့်ထားတဲ့ ဝမ်းနည်းစရာသတင်းဆိုးတစ်ခုကို သယ်ဆောင်လာပါတယ်။


အဆိုတော် ကျော်ထွဋ်ဆွေက သူ့အနေနဲ့ နန်းသူဇာနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သူ့ရဲ ဖေ့ဘုတ်စ်စာမျက်နှာကတဆင့် ပရိသတ်တွေကို အသိပေးထားတာပဲ ဖြစ်ပါတယ်။


ကျော်ထွဋ်ဆွေက “#လမ်းခွဲ လိုက်ပါပြီ။ သွေးအေးသွားတဲ့နေ့ကျ ရှင်းပြပါမယ်။အခုတော့ ဒီလောက်ပါပဲ။ ” ပါပဲဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာပါ။


နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေက ချစ်သူသက်တမ်း (၉)နှစ်နီးပါးရှိပြီမို့ ပရိသတ်တွေက အခုလိုသတင်းဆိုးအတွက် ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။