“ယောကျ်ားလေးတစ်ယောက်အလား မန်ကျည်းပင်ပေါ်ကလွှားခနဲခုန်ချခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗွီဒီယိုဖိုင်လေး”

2020-02-13 15:44:36


“ယောကျ်ားလေးတစ်ယောက်အလား မန်ကျည်းပင်ပေါ်ကလွှားခနဲခုန်ချခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗွီဒီယိုဖိုင်လေး”

“ယောကျ်ားလေးတစ်ယောက်အလား မန်ကျည်းပင်ပေါ်ကလွှားခနဲခုန်ချခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗွီဒီယိုဖိုင်လေး”


အမြဲတက်ကြွလန်းဆန်းပျော်ရွှင်နေတတ်တဲ့ ဖြူဖြူထွေးကတော့ လူမှုကွန်ရက်မှာစတင်နာမည်ကြီးခဲ့စဉ်ကတည်းက နိုင်ငံခြားအက၊မြန်မာအကတွေကို ကျွမ်းကျင်စွာကနိုင်တဲ့အပြင် အနားမှာရှိတဲ့သူတွေကို ပျော်ရွှင်အောင်ထားနိုင်တဲ့ ဟာသဉာဏ်ရွှင်တဲ့ကောင်မလေးအဖြစ် သတိပြုမိခဲ့ကြမှာပါ။ဒါ့အပြင် ဖြူဖြူထွေးကတော့ တောရွာမှာကြီးပြင်းခဲ့သူပီပီ ရွာဓလေ့မပျောက်သေးတဲ့စကားပြောဟန်လေးတွေကြောင့် ပရိသတ်ကအချစ်ပိုနေရတာဖြစ်ပြီး မကြာခဏဆိုသလိုလည်း သူလုပ်လေ့လုပ်ထရှိတဲ့အရာလေးတွေကို ဗွီဒီယိုလေးတွေနဲ့မျှဝေပေးလေ့ရှိသူပါ။


ဖြူဖြူထွေးကတော့ လတ်တလောမှာကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရပြီး အချို့ကြော်ငြာလေးတွေကို သူနေထိုင်ခဲ့တဲ့ရွာလေးမှာပဲ ရွာဓလေ့လေးတွေနဲ့ရိုက်ကူးလေ့ရှိသူပါ။ ရွာဟန်လေးတွေအမြဲပါတဲ့ ဖြူဖြူထွေးမျှဝေပေးလေ့ရှိတဲ့ဗွီဒီယိုလေးတွေကိုတော့ ကြည့်ရှုအားပေးသူပရိသတ်ပေါင်းများစွာရှိပြီး ပွင့်လင်းရိုးသားတဲ့ဖြူဖြူထွေးကိုတော့ ပရိသတ်တွေက တစ်နေ့ထက်တစ်နေ့တိုးလို့ အချစ်ပိုနေကြရတာဖြစ်ပါတယ်။


ဒီတစ်ခေါက်မျှဝေပေးခဲ့တဲ့ ဗွီဒီယိုလေးမှာလည်း ဖြူဖြူထွေးကတော့ ရွာဓလေ့အတိုင်း မန်ကျည်းပင်ပေါ်မှာ မန်ကျည်းသီးခူးစားနေခဲ့တာဖြစ်ပြီး ပစ္စည်းလာပို့ပေးတဲ့အချိန်မှာတော့ မန်ကျည်းပင်ပေါ်ကနေ လွှားခနဲခုန်ချခဲ့တဲ့ဖြူဖြူထွေးကြောင့် ပရိသတ်တွေကတော့ အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။


ဒါ့အပြင် ဖြူဖြူထွေးကတော့ ရွာထဲကလင်မယားတွေကို Bella နှုတ်ခမ်းနီလေးတွေနဲ့ ပြိုင်ပွဲလေးတစ်ခုလုပ်ပေးခဲ့ပါသေးတယ်။ယောကျ်ားလေးတွေကို မျက်လုံးမှိတ်ကာ ကိုယ့်မိန်းမရဲ့နှုတ်ခမ်းကိုမှန်းပြီးဆိုးစေခဲ့ကာ အနိုင်ရရှိသူကို ဆုချီးမြှင့်ပေးခဲ့တာပါ။သူမျှဝေပေးလေ့ရှိတဲ့ ဗွီဒီယိုတစ်ခုချင်းဆီတိုင်းမှာ ဖြူစင်ရိုးသားတဲ့ဖြူဖြူထွေးရဲ့စိတ်ထားလေးကို တွေ့မြင်ရမှာဖြစ်ပြီး ပရိသတ်တွေကိုပျော်ရွှင်စေတာမို့ ကြည့်ရှုအားပေးသူတွေ တစ်နေ့ထက်တစ်နေ့တိုးများလာတဲ့ ဖြူဖြူထွေးရဲ့နောက်ဆုံးတင်ဆက်ပေးထားတဲ့ဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


<iframe src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fphyuphyuhtwe123%2Fvideos%2F127494361902851%2F&amp;show_text=0&amp;width=267" width="267" height="476" style="border:none;overflow:hidden" scrolling="no" frameborder="0" allowtransparency="true" allowfullscreen="true"></iframe>