“တစ်သက်လုံးသည်းခံလာခဲ့ရသမျှတွေကို အတိုးချပြီးပေါက်ကွဲလိုက်တဲ့ သရုပ်ဆောင်အေးသီတာ”

2020-02-16 10:53:44


“တစ်သက်လုံးသည်းခံလာခဲ့ရသမျှတွေကို အတိုးချပြီးပေါက်ကွဲလိုက်တဲ့ သရုပ်ဆောင်အေးသီတာ”

“တစ်သက်လုံးသည်းခံလာခဲ့ရသမျှတွေကို အတိုးချပြီးပေါက်ကွဲလိုက်တဲ့ သရုပ်ဆောင်အေးသီတာ”


ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ မအေးသီတာကတော့ ဟိုးအရင်အချိန်တွေကတည်းက ယနေ့ထက်တိုင်ဇာတ်ကားတွေမှာ နေရာယူနေဆဲသရုပ်ဆောင်တစ်ယောက်ပါ။ဟာသဇာတ်ရုပ်တွေနဲ့အများဆုံးတွေ့ရလေ့ရှိတဲ့အပြင် မျက်လုံးမှေးမှေးလေးနဲ့ရယ်လိုက်တိုင်း ပရိသတ်ကိုအချစ်ပိုစေခဲ့တာဆိုရင်လည်း အမှန်ပါပဲ။


ရယ်ရယ်မောမောနဲ့အမြဲမြင်တွေ့ရလေ့ရှိတဲ့ သရုပ်ဆောင်တွေကို အပြင်လောကမှာလည်း ဘဝအမောတွေမရှိဘူးလို့ထင်ကြပြီး အနိုင်ယူတတ်တဲ့သူတွေလည်းရှိတတ်ကြသလို စိတ်ထားကောင်းတဲ့သူတွေကိုလည်း အနိုင်ယူလေ့ရှိကြတာ


လူ့ပတ်ဝန်းကျင်ရဲ့ထုံးစံလိုဖြစ်လာကြတဲ့ခေတ်ကြီးမှာ မအေးသီတာကတော့ သူ့ရဲ့ရင်ထဲကခံစားချက်တွေကို ဒီနေ့မှာ ပေါက်ကွဲလိုက်ပြီး ဖေ့ဘွတ်ခ်ပေါ်မှာရေးသားမျှဝေခဲ့တာပါ။


“တစ်ခုတော့ပြောပါရစေ…ကျွန်မအေးသီတာ ဟာ ဘယ်လိုစိတ်ထားမျိုး ဘယ်လိုလူမျိုးဆိုတာ ရုပ်ရှင်အသိုင်းဝန်းနဲ့ လူမှုအသိုင်းဝန်းက လူတွေ သိထားကြပြီးသားပါ….ကျွန်မဟာ အမြဲတမ်း တဟီးဟီးတဟားဟားနေတတ်ပေမယ့် ကျွန်မမှာလဲ စိတ်ညစ်တဲ့အချိန်ဆိုတာရှိပါတယ်…..


အဲ့ဒီလို စိတ်ညစ်တဲ့အချိန်မျိုးနဲ့ ကြုံရင်တော့ အမြဲသည်းခံတတ်တဲ့ ကျွန်မစိတ်ဟာ တခါတလေ ပေါက်ကွဲ ထွက်မိကောင်းထွက်မိမယ်လေ…..အဲ့လိုကျ အေးသီတာ လူဆိုးမကြီးဖြစ်ရော ဒါကြောင့် လူဆိုးမကြီးပြောပြော ဘာကြီးပဲပြောပြော နောက်ပိုင်းတော့ နယူတန်နိယာမ လုပ်သင့်လုပ်ရတော့မှာပဲ…


လူတွေဟာ ဘာဖြစ်ချင်နေကြလဲ မသိဘူး… အမြဲခွင့်လွတ် သည်းခံနေပါတယ်ဆိုမှ တစ်နေ့ထက် တစ်နေ့ခေါင်းပေါ် ချီးမတက်ပါရုံတမယ်ပဲ”


“ဘဝမှာ အသက်အရွယ်ကလဲ ကြီးပါပြီလေ…အေးအေးချမ်းချမ်းလေးပဲ နေချင်တော့တယ်အဲ့လို စိတ်တွေမွေးဖို့အရာရာကို သည်းခံနေခဲ့တာ.. ဒါပေမယ့် ကျမရဲ့သည်းခံစိတ်ကို စော်ကားချင်သူ အတွက် အခွင့်အရေးမို့လားမသိဘူး ပိုပိုလို့ဆိုးလာတော့တယ်..


တကယ်တော့ ကျွန်မလဲ စိတ်နဲ့တည်ဆောက်ထားတဲ့ လူသားတယောက်ပဲလေ ဘယ်လောက်ပဲ သည်းခံခံ တစ်ချိန်တော့ ပေါက်ကွဲထွက်မှာပါပဲ……နောက်လူအချို့တွေကို ဒီနေရာကနေ တခုတော့ ပြောပြပါရစေ….. ကျွန်မအေးသီတာသည် မိမိစိတ်နဲ့မိမိလူဖြစ်တာဖြစ်တဲ့အတွက် အရာရာ ကောင်းခြင်း ဆိုးခြင်းသည်မိမိနဲ့သာ သက်ဆိုင်တဲ့အတွက်…


ကျွန်မ မကြိုက်နှစ်သက်တဲ့ ဘယ်အရာမဆို စိတ်ရင်းစေတနာနဲ့ ညိုှနှိုင်းပေးတာကို လက်ခံပေမယ့်… ကြားထဲက အနှောင့်သဘောမျိုးနဲ့ လာညှိနှိုင်းမှုမျိုးကိုတော့ လက်သင့်ခံမည်မဟုတ်ပါ…….အားလုံးကို ပိစ်ပါ” ဆိုပြီးရေးသားခဲ့ပါတယ်။


သူကတော့ စိတ်ထားကောင်းကောင်းနဲ့လူတကာကိုဆက်ဆံခဲ့ပေမယ့် လူလိုနားမလည်တဲ့လူတချို့ကြောင့် သူရဲ့ရင်ထဲကခံစားချက်တွေ ပေါက်ကွဲခဲ့ကာအများသိအောင် ရေးသားခဲ့တာဖြစ်ပါတယ်။