“ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖိုင်နယ်ပြိုင်ပွဲကြီးကျင်းပမယ့်ရက်ရွှေ့လိုက်ရတဲ့ Face of Myanmar 2020”

2020-02-16 10:54:23


“ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖိုင်နယ်ပြိုင်ပွဲကြီးကျင်းပမယ့်ရက်ရွှေ့လိုက်ရတဲ့ Face of Myanmar 2020”

“ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖိုင်နယ်ပြိုင်ပွဲကြီးကျင်းပမယ့်ရက်ရွှေ့လိုက်ရတဲ့ Face of Myanmar 2020”


ကိုရီးယားနိုင်ငံအခြေစိုက် JBJ Entertainment ကုမ္ပဏီ မှာ ဦးစီကျင်းပတဲ့ Face of Myanmar 2020 ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်ကြီးကိုတော့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖိုင်နယ်ပြိုင်ပွဲကြီး ကျင်းပမယ့်ရက် ရွှေ့လိုက်ရတဲ့ အကြောင်းကို “အားလုံးပဲ မင်္ဂလာပါ Face of Myanmar 2020 Final ပွဲက ဒီလ ၂၁ရက်ကို မလုပ်ဖြစ်ကြောင်း အားနာစွာနဲ့ အသိပေးအကြောင်းကြားအပ်ပါတယ် ။


Final ပွဲစဉ်ကို April လဆန်းပိုင်းမှာ လုပ်သွားဖို့ အစီအစဉ်ပြန်လည် ရေးဆွဲနေပါတယ် ။ Final ပွဲရက်ကို ရွှေ့ဆိုင်းလိုက်ရတဲ့ အကြောင်းကတော့ အခု ပြန့်နှံနေတဲ့ ကိုရိုနာ virus ကြောင့် ကိုရီးယားမှာ ပြည်ပထွက်ခွာခွင့်ကို ကုမ္ပဏီတော်တော်များများ ပိတ်ထားတဲ့အခြေအနေတခုကြောင့်


ပြိုင်ပွဲဝင်တွေအတွက် ဖိတ်ခေါ်ထားတဲ့ ကိုရီးယားမှ လာမယ့် ဒိုင်များက လာရောက်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ရက်ကို နောက်ရွှေ့လိုက်ရခြင်း ဖြစ်ပါတယ်။ Asia New Star Model က ကိုရီးယားမှာ လုပ်မှာဖြစ်တဲ့အတွက် ကိုရီးယားဒိုင်တွေ ကိုယ်တိုင်လာရွေးပြီး သွားပြိုင်တဲ့ အခါ


ကိုရီးယားstage ပေါ်မှာ ပိုမိုအဆင်ပြေနိုင်စေဖို့နှင့် ကိုရီးယားက ဒိုင်တချို့တလေက ကိုရီးယားပွဲမှာလဲ ဒိုင်အဖြစ်နဲ့ ပြန်ပါဝင်ကြမှာဖြစ်သည့်အတွက်ကြောင့် အခွင့်အလမ်းတွေ ပိုရစေဖို့ရန် ကိုရီးယားဒိုင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။


(Face of Singapore Face of China ဆိုရင် ပွဲပါမလုပ်ဖို့ ဖြစ်သွားတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်) ပြိုင်ပွဲအတွက် ပါဝင် ပတ်သက်သူများ အားလုံးကို အနူးညွှန့်တောင်းပန်ရင်း ရွှေ့သွားတဲ့ရက်ကို ဒီလအတွင် ပြန်လည် အကြောင်းကြားပေးပါမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ Asia New Star Model Contest – Face of Myanmar 2020 ပြိုင်ပွဲကြီးရဲ့ ပေ့ချ်မှာတင်ထားပါတယ်။


ပရိသတ်ကြီးရေ Face of Myanmar 2020 ပြိုင်ပွဲကြီးကတော့ ကိုရီးယားနိုင်ငံမှာကျင်းပတဲ့ Asia New Star Modelပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်ယဉ်ပြိုင်မည့် သူကိုရွှေးချယ်ပေးတာဖြစ်တာကြောင့် ကိုရီးယားဒိုင်တွေ ကိုယ်တိုင်လာရွေးပြီး သွားပြိုင်တဲ့ အခါ


ကိုရီးယားstage ပေါ်မှာ ပိုမိုအဆင်ပြေနိုင်စေဖို့နှင့် ကိုရီးယားက ဒိုင်တချို့တလေက ကိုရီးယားပွဲမှာလဲ ဒိုင်အဖြစ်နဲ့ ပြန်ပါဝင်ကြမှာဖြစ်သည့်အတွက်ကြောင့် အခွင့်အလမ်းတွေ ပိုရစေဖို့ရန် ကိုရီးယားဒိုင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်တဲ့နော်။