မကြာခင်မှာတော့ WEDDING DAY လေးရောက်ရှိလာတော့မှာပါဆိုတဲ့ မေဉီး

2020-02-16 11:04:36


မကြာခင်မှာတော့ WEDDING DAY လေးရောက်ရှိလာတော့မှာပါဆိုတဲ့ မေဉီး

မကြာခင်မှာတော့ WEDDING DAY လေးရောက်ရှိလာတော့မှာပါဆိုတဲ့ မေဉီး


မြန်မာနိုင်ငံရဲ့ မိတ်ကပ်ပညာရှင်လောကမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တစ်ဉီးဖြစ်တဲ့ မေဉီးဟာ သူ့ရဲ့ ချစ်ရသူပေးတဲ့ ချစ်သူများနေ့လက်ဆောင်လေးကို ပရိသတ်ကိုချပြလာခဲ့ပါတယ်။


သူက လက်ဆောင်လေးကို ချပြရုံသာမက သူ့ရဲ့ မင်္ဂလာဆောင်ဖို့ နီးလာပါတော့မယ်ဆိုတဲ့အကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။


သူပြောခဲ့တာကတော့ “တဖြည်းဖြည်းနဲ့ကြီးလာတဲ့ အလယ်ကစိန်ပွင့်လေး အရင်ပေးတုန်းက စိန်သေးလေးကို အခုစိန်ကြီးလေးနဲ့လဲပေးထားတာ နောက်ဆုံးသူရည်ရွယ်ထားတဲ့စိန်ပွင့်လေး


ရောက်သွားရင်တော့ အဲ့ဒီအချိန် လက်စွပ်လေးက လက်ထပ်လက်စွပ်ပါတဲ့From happy Valentine’s Day To our wedding dayနောက်ဆုံးနေ့ထိချစ်နေမယ်” လို့ ဆိုကာ ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။


ဟန်လင်းနဲ့ မေဦးတို့ နှစ်ယောက်ဟာ ချစ်သူသက်တမ်း လေးနှစ်နီးပါးရှိခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆင်ပြေသာယာတဲ့ အချစ်ကမ္ဘာလေးကို တည်ဆောက် ထားနိုင်ဆဲပါပဲ။ သူတို့နှစ်ယောက်ဟာ ကျွမ်းကျင်ရာ လုပ်ငန်းနှစ်ခုကို ပေါင်းပြီး အတူတူလုပ်ကိုင်နေကြတာလဲ ဖြစ်ပါတယ်။