“ချစ်သူဘေဘီမောင်နဲ့ပတ်သက်တဲ့ ရင်ထဲကခံစားချက်တွေကို သီချင်းလေးရေးစပ်ထားတဲ့ သားဂန်း”

2020-02-17 14:48:37


“ချစ်သူဘေဘီမောင်နဲ့ပတ်သက်တဲ့ ရင်ထဲကခံစားချက်တွေကို သီချင်းလေးရေးစပ်ထားတဲ့ သားဂန်း”

“ချစ်သူဘေဘီမောင်နဲ့ပတ်သက်တဲ့ ရင်ထဲကခံစားချက်တွေကို သီချင်းလေးရေးစပ်ထားတဲ့ သားဂန်း”


ပရိသတ်အချစ်တော် မင်းသမီးချောလေး ဘေဘီမောင်ကတော့ အောင်မြင်တဲ့အနုပညာရှင် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ကိုယ်ခန္ဓာအမိုက်စားလေးကို ပိုင်ဆိုင်ထားကာ အမြဲဖက်ရှင်အလန်းတွေနဲ့ စမတ်ကျကျ ဝတ်ဆင်တက်တာကြောင့် မိန်းကလေးအများစု အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှု များစွာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။


ပရိသတ်တွေ စိတ်ဝင်စားနေကြတာတော့ ဘေဘီနဲ့သားဂန်းတို့ရဲ့ မမ နဲ့မောင် အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။


သားဂန်းကတော့ ပရိသတ်အကြိုက်တွေ့စေမယ့်သီချင်းအေးအေးလေးတွေကို ရေးစပ်သီဆိုကာ ပရိသတ်အားပေးမှုကိုရရှိလာသူဖြစ်ပြီး အခုလည်းချစ်ရတဲ့ချစ်သူလေး ဘေဘီမောင်အတွက်ရင်ထဲက ခံစားချက်တွေနဲ့ရေးစပ်သီကုံးထားတဲ့သီချင်းလေးတစ်ပုဒ်ကို မနေ့ကမျှဝေပေးခဲ့တာဖြစ်ပါတယ်။


ပရိသတ်ကြီးရေ..သားဂန်းကတော့ ရင်ထဲကခံစားချက်စာသားတွေနဲ့ ရေးစပ်သီကုံးထားတဲ့ “မင်းသဘော” ဆိုတဲ့သီချင်းလေးနဲ့ ဘေဘီမောင်ရဲ့အသည်းကိုခြွေယူလိုက်ပြန်ပါပြီနော်။ဝါသနာတူ၊အလုပ်တူနဲ့ အချစ်ခရီးလမ်းကိုဆက်လက်လျှောက်လှမ်းနေကြပြီး ပရိသတ်အားပေးမှုအပြည့်အဝရရှိထားတဲ့ သူတို့နှစ်ဦးရဲ့ဇာတ်လမ်းလေးကို ထင်ဟပ်နေတဲ့သီချင်းလေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။