အောင်လကိုထိုးသတ်ဖို့ စိန်ခေါ်ပြီးမှ ဒဏ်ရာရှိပါတယ်လို့ အကြောင်းပြလာတဲ့ နယ်သာလန်ဖိုက်တာ စိန်ခေါ်ပြီးမှ ဘွာတေးမလုပ်ကြေးလေ……

2020-02-18 21:30:04


အောင်လကိုထိုးသတ်ဖို့ စိန်ခေါ်ပြီးမှ ဒဏ်ရာရှိပါတယ်လို့ အကြောင်းပြလာတဲ့ နယ်သာလန်ဖိုက်တာ စိန်ခေါ်ပြီးမှ ဘွာတေးမလုပ်ကြေးလေ……

အောင်လကိုထိုးသတ်ဖို့ စိန်ခေါ်ပြီးမှ ဒဏ်ရာရှိပါတယ်လို့ အကြောင်းပြလာတဲ့ နယ်သာလန်ဖိုက်တာ စိန်ခေါ်ပြီးမှ ဘွာတေးမလုပ်ကြေးလေ……

 

မြန်မာပြည်သားတွေရဲ့ အသည်းကျော် MMA ကစားသမားကြီး အောင်လအန်ဆိုင်းကတော့ ချန်ပီယံဘွဲ့ကိုကာကွယ်ဖို့အပြင်းအထန်လေ့ကျင့်မှုတွေပြုလုပ်နေပြီဆိုတာကို သူ့ရဲ့လူမှုစာမျက်နှာကနေ ပြောလိုက်ပြီဖြစ်ပါတယ်။ အောင်လက ဖိုက်တာ တစ်ယောက်ရဲ့ဘဝဟာ မလွယ်ကူပေမယ့် ကိုယ်ပိုင်ရွေးချယ်ခဲ့တဲ့ဘဝမို့ ဒီဘဝကို နှစ်သက်ပါတယ်လို့ပြောပြခဲ့တာပါ။ ပြီးတော့ အောင်လက သူ့ရဲ့ဘဝဟာ အရမ်းကို ရိုးရှင်းလွန်းပါတယ်လို့လဲ သူ့ပရိတ်သတ်တွေကို ဝန်ခံခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော့ သူဟာ သူ့ရဲ့အားကစားကိုပဲ ပုံမှန်အတိုင်းလေ့ကျင့်နေတာဖြစ်ပြီး ရိုးရိုးရှင်းရှင်းပဲဖြတ်သန်းနေတယ်၊ အခုလဲ နည်းပြဖြစ်သူ Henrihooft နဲ့ခြေထောက်ကန် လေ့ကျင့်ခန်းတွေ လုပ်နေပါတယ်လို့ပြောပြလာပါတယ်။

 

အဆိုပါ မြန်မာစပါးအုံးအမည်ဆောင် ဝိတ်တန်း ၂ ခုရဲ့ချန်ပီယံကြီးဟာ သူ့ရဲ့ပြိုင်ဘက်ဖြစ်သူတွေနဲ့ စိန်ခေါ်လာသူတွေကိုလည်း အရမ်းကိုလေးစားမှုရှိသလို ပြိုင်ဘက်တိုင်းကလည်း အောင်လနဲ့ထိုးသတ်ခွင့် ရဖို့အရေးကို အပြိုင်အဆိုင်ကြိုးစားနေကြတာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ နောက်ဆုံးစိန်ခေါ်လာတဲ့ နယ်သာလန်နိုင်ငံသား Reinier De Ridder ဟာဆိုရင်လည်း နာမည်ကျော်ကြားတဲ့ ဖိုက်တာတစ်ဦးပဲဖြစ်ပြီး MMA လောကမှာ ၁၁ ပွဲဆက်တိုက် အနိုင်ကိုသာ ရရှိထားသူတစ်ဦးဖြစ်ပါတယ်။


အခုဆိုရင် အောင်လအန်ဆိုင်ဟာ သူရဲ့ပြိုင်ဘက်ဖြစ်သူနဲ့ထိုးသတ်ဖို့လေ့ကျင့်မှုတွေပြုလုပ်လျက်ရှိနေပြီး အတည်ပြုလက်မှတ်ကိုလည်း ၁၂ ရက်နေ့ ဖေဖဝါရီလက တရားဝင်ရေးထိုးထားတာဖြစ်ပါတယ်။ အောင်လအန်ဆိုင်းအနေနဲ့ တရားဝင်ထိုးသတ်ဖို့ လက်မှတ်ရေးထိုးပြီး ရက်အနည်းငယ်အကြာမှာပဲ စိန်ခေါ်လာတဲ့ ပြိုင်ဘက်ဖြစ်သူ Reinier De Ridder က သူ့မှာ ဒဏ်ရာရှိနေပါတယ်လို့ One Championship ထံပြောပြလာခဲ့တာပဲဖြစ်ပါတယ်။


အဲ့ဒီနောက်မှာတော့ အောင်လအန်ဆိုင်းက သူရဲ့လူမှုစာမျက်နှာကနေ ” Reinier de Ridderကသူ့မှာဒဏ်ရာရှိတယ်လို့ပြောတဲ့အတွက် ပြိုင်ဖက်ကဘယ်သူဖြစ်လာမလဲဆိုတဲ့ပဟေဠိကကျွန်တော်အတွက်အရေးမကြီးပါဘူး။ အားလုံးကိုကျွန်တော်ကတိပေးပါတယ်။ ဒီချန်ပီယံခါးပတ်ကာကွယ်ပွဲကအရမ်းကြည့်ကောင်းမယ့် ပွဲတစ်ပွဲဖြစ်မှာပါ။ကျွန်တော်ရဲ့နည်းပြဆရာတွေ ကကျွန်တော့်အသင်း Sanfordmma မှာကျွန်တော်ချန်ပီယံခါးပတ်ကိုကာကွယ်ယှဉ်ပြိုင်ထိုးသတ်ဖို့ အတွက်အဆင်သင့်ဖြစ်အောင်အကောင်းဆုံးလေ့ကျင့်ပြင်ဆင် ပေးမှာဖြစ်ပြီးချန်ပီယံခါးပတ်ကိုကာကွယ်နိုင်မယ်ဆိုတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပါတယ် ” လို့ပြောပြလာခဲ့ပါတယ်။


ဘယ်လိုထင်လဲ…? စိန်ခေါ်မှုပြုလုပ်ပြီးမှ ဒဏ်ရာကို အကြောင်းပြလာတဲ့ နယ်သာလန်သားနဲ့ အောင်လအန်ဆိုင်းတို့ရဲ့ပွဲဟာ ထိုးသတ်မယ့် စင်မြင့်ပေါ်ထိ ရောက်ရှိလာမယ့်လို့ ပရိတ်သတ်ကြီးရော ထင်မိလား။ ဘာပဲဖြစ်လာလာ အောင်လအန်ဆိုင်းကတော့ ချန်ပီယံခါးပါတ် ၂ ခုလုံးကို ကာကွယ်ဖို့ အသင်းနဲ့အတူ လေ့ကျင့်နေတယ်ဆိုတဲ့ အောင်လရဲ့စိတ်ဓါတ်ကတော့ ချီးကျူစရာပါပဲနော်။


လေးစားစွာဖြင့် ခရစ်ဒက် …… news-bar