သင်္ဘောပေါ်ပိတ်မိနေတဲ့ ဗိုင်းရပ်စ်ဒုက္ခသည်တွေကို iPhone(၂၀၀၀)လှူဒါန်းခဲ့တဲ့ ဂျပန်အစိုးရ

2020-02-20 01:09:36


သင်္ဘောပေါ်ပိတ်မိနေတဲ့ ဗိုင်းရပ်စ်ဒုက္ခသည်တွေကို iPhone(၂၀၀၀)လှူဒါန်းခဲ့တဲ့ ဂျပန်အစိုးရ

သင်္ဘောပေါ်ပိတ်မိနေတဲ့ ဗိုင်းရပ်စ်ဒုက္ခသည်တွေကို iPhone(၂၀၀၀)လှူဒါန်းခဲ့တဲ့ ဂျပန်အစိုးရ


ဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် ဇိမ်ခံသင်္ဘောပေါ်မှာ ပိတ်မိနေတဲ့ ခရီးသည်တွေအတွက် iPhone အလုံးပေါင်း (၂၀၀၀)အထိ ဂျပန်အစိုးရက လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ Diamond Princess သင်္ဘောပေါ်မှာ ခရီးသည် (၃၅၀၀)အထိ ရှိနေပြီး၊ ဒီအထဲမှာ လူ(၂၀၀)လောက်က ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတာပါ။ အခြားသတင်းတွေမှာတော့ Diamond Princess သင်္ဘောပေါ်မှာ လူ(၁၇၀)အထိ ရောဂါပိုးကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။ အခုဆိုရင် Diamond Princess သင်္ဘောဟာ ကျောက်ချရပ်နားထားတာ (၁၀)ရက်ကျော် ကြာနေပါပြီ။ အားလုံးကိုလည်း သင်္ဘောပေါ်က ဆင်းခွင့်မပေးသေးပါဘူး။

ဂျပန်ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနနဲ့ ဂျပန်ဆက်သွယ်ရေးနဲ့ နည်းပညာကုမ္ပဏီ SoftBank တို့ ပူးပေါင်းပြီး သင်္ဘောပေါ်က ခရီးသည်တွေကို iPhone အလုံး (၂၀၀၀)ကျော် အခမဲ့လှူဒါန်းခဲ့ကြတာပါ။ သတင်းတွေရဲ့အဆိုအရတော့ သင်္ဘောပေါ်ရှိ တစ်ဦးချင်းစီ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။


ဖုန်းထဲမှာလည်း အရေးပါမယ့် App တစ်ခုကို ထည့်သွင်းထားပြီး၊ အဲဒီ App ကနေ ဒေါက်တာတွေနဲ့ တွေ့ဆုံဖို့ Appointment တောင်းနိုင်ခြင်း၊ အကြံဉာဏ်များတောင်းနိုင်ခြင်း၊ နေမကောင်းဖျားနာဖြစ်ခြင်းတွေကို တိုင်ပင်ဆွေးနွေးလို့ ရပါသတဲ့။ ထူးခြားတာက ဒီ App ကို ကုန်းပေါ်ကလူတွေ Down လို့ မရသေးခြင်းပါ။


လင်းဇော်ကို (D Nae Khit)