ဘောင်းဘီအတို ဝတ်မိတဲ့ အပျိုမလေးသုံးယောက် ခေါင်းဖြတ်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရ

2020-02-20 16:22:07


ဘောင်းဘီအတို ဝတ်မိတဲ့ အပျိုမလေးသုံးယောက် ခေါင်းဖြတ်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရ

ဘောင်းဘီအတို ဝတ်မိတဲ့ အပျိုမလေးသုံးယောက် ခေါင်းဖြတ်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရ


အာဖရိကတိုက် မိုရိုကိုနိုင်ငံမှာ မိန်းမပျိုလေးသုံးယောက်ကို ဘောင်းဘီအတိုဝတ်မိလို့ ခေါင်းဖြတ်သတ်မယ်လို့ မိုရိုကိုကကျောင်းဆရာတစ်ယောက်ကခြိမ်းခြောက်ခဲ့တာပါ။ အဲ့ဒီအဖြစ်အပျက်ကြောင့် လူမှုပရဟိတလုပ်ငန်းလုပ်ဖို့လာတဲ့ ခြိမ်းခြောက်ခံကျောင်းသူမိန်းမပျိုလေးသုံးယောက်ဟာ သူတို့ရဲ့နေရပ်အသီးသီးကိုပြန်သွားခဲ့ကြပါတယ်။


အဲ့ဒီမိန်းကလေးသုံးယောက်ဟာ မိုရိုကိုမှာရှိတဲ့ ရွာငယ်လေးတစ်ရွာရဲ့ လမ်းတွေကိုပြုပြင်ဖို့လုပ်အားပေးကာ ပရဟိတလုပ်ငန်းကိုလာရောက်လုပ်ကိုင်ကြတာဖြစ်ပြီး အလုပ်လုပ်နေစဉ်မှာ သူတို့အတွက် သက်တောင့်သက်တာရှိမယ့် ဘောင်းဘီတိုတွေကို ဝတ်ဆင်ခဲ့ကြတာပါ။




သူတို့ဝတ်ခဲ့တဲ့ဘောင်းဘီအတိုဟာ အမြင်မတော်လောက်တဲ့အထိဆိုးရွားတဲ့ဘောင်းဘီတိုတွေလည်းမဟုတ်ခဲ့ပေမယ့် အဲ့ဒီရွာကကျောင်းဆရာတစ်ယောက်က သူတို့ရဲ့ဓာတ်ပုံကို လူမှုကွန်ယက်ပေါ်မှာတင်ကာ အဲ့ဒီမိန်းမပျိုလေးသုံးယောက်ကိုသင်ခန်းစာပေးချင်တယ်လို့ရေးသားထားခဲ့ပါတယ်။ အဲ့တာအပြင် အဲ့ဒီမိန်းမပျိုလေးသုံးယောက်ကိုလည်း ခေါင်းဖြတ်သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အဲ့ဒီကျောင်းဆရာကို လက်ရှိမှာ အကြမ်းဖက်မှုခြင်းကို အားပေးတယ်ဆိုတဲ့ အချက်နဲ့ရဲစခန်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကဖမ်းဆီးထားခဲ့ပါတယ်။


ခြိမ်းခြောက်ခံရတဲ့အမျိုးသမီးလေး၃ယောက်ဟာ ကျောင်းသားအယောက်၄၀နဲ့အတူ မိုရိုကိုမှာ စေတနာ့ဝန်ထမ်းအနေနဲ့ နွေရာသီကျောင်းပိတ်ရက်မှာလာရောက်လုပ်အားပေးနေကြတဲ့သူတွေပါ။ ဒီဖြစ်ရပ်ကြောင့် မိုရိုကိုအတွက်နောက်ထပ်စီစဉ်ထားပေးတဲ့ ပရဟိတလုပ်ငန်းအစီအစဉ်တွေအားလုံးကိုဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ လက်ရှိကျောင်းသူ၃ယောက်ပါဝင်တဲ့ လူမှုကူညီရေးအစီအစဉ်တွေကို စီစဉ်ပေးတဲ့အဖွဲ့အစည်းကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။


မိုရိုကိုမှာရှိတဲ့တာဝန်ရှိသူတွေက လုံခြုံမှုအတွက်နေရပ်ကိုပြန်ချင်ရင်ပြန်နိုင်ကြောင်း လုပ်အားပေးကျောင်းသားအယောက် ၄၀လုံးကိုပြောခဲ့ပြီး ခြိမ်းခြောက်ခံခဲ့ရတဲ့ ကျောင်းသူလေးသုံးယောက်ကတော့ နေရပ်ကိုပြန်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ခြိမ်းခြောက်ခဲ့တဲ့ ကျောင်းဆရာရဲ့လုပ်ရပ်ကိုဒေါသထွက်ခဲ့တဲ့ဒေသခံတွေဟာ လုပ်အားပေးဆရာမလေးတွေကိုအားပေးတဲ့ အစီအစဉ်တွေကိုပြုလုပ်ပေးခဲ့ကြပြီး လူမှုကွန်ယက်ပေါ်မှာလည်း အဲ့ဒီကျောင်းဆရာရဲ့လုပ်ရပ်ကိုရှုံ့ချကြောင်းလက်မှတ်ထိုးခဲ့ကြပါတယ်။


လုံခြုံရေးအရသာပြန်ခဲ့ရပေမယ့် ခြိမ်းခြောက်ခံရတဲ့မိန်းကလေးသုံးယောက်ဟာ သူတို့ဒီမှာနေထိုင်ခဲ့ရတာ အရမ်းပျော်ရွှင်ခဲ့ရပါတယ်လို့ နှုတ်ဆက်စကားပြောသွားခဲ့ပါတယ်။