2020 နိုင်ငံတကာ တစ်နှစ်တာဖိုက်တာ ဆုကို ရရှိသွားပြန်တဲ့ အောင်လအန်ဆန်

2020-02-21 14:39:47


2020 နိုင်ငံတကာ တစ်နှစ်တာဖိုက်တာ ဆုကို ရရှိသွားပြန်တဲ့ အောင်လအန်ဆန်

2020 နိုင်ငံတကာ တစ်နှစ်တာဖိုက်တာ ဆုကို ရရှိသွားပြန်တဲ့ အောင်လအန်ဆန်


မြန်မာနိုင်ငံသားတွေရဲ့ အချစ်တော်ဖိုက်တာကြီး အောင်လအန်ဆန်ကိုတော့ လက်ရှိချိန်မှာ သတိမထားမိတဲ့ သူ မရှိလောက်ဘူး ထင်ပါတယ်။ မြန်မာ ကိုယ်စားပြု ဖိုက်တာ တယောက်ဖြစ်တဲ့ အောင်လအန်ဆန်ကတော့ ကမ္ဘာ့အလယ်မှာ မြန်မာတွေကို အမြဲတမ်း ဂုဏ်တက်အောင် လုပ်ဆောင်ပေးနေတဲ့ သူ တယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အောင်လအန်ဆန် တယောက်ကိုတော့ ချစ်ခင်တဲ့ သူတွေ များပြားနေတာ ဖြစ်ပါတယ်။


အောင်လအန်ဆန် ကတော့ ယခုနောက်ပိုင်းမှာ ထိုးခဲ့တဲ့ ပွဲစဉ်တိုင်းနီးပါးမှာတော့ တကယ့်ကို ကမ္ဘာ အရပ်ရပ်က နာမည်ကြီး ကစားသမား တွေနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပြီး ပွဲတိုင်းလည်း မြန်မာဂုဏ်ဆောင်ပြီး အနိုင်ထိုးသတ်ခဲ့နိုင်တာ ဖြစ်ပါတယ်။ အောင်လအန်ဆန် ကတော့ သူ့ရဲ့ ချန်ပီယံ ခါးပတ်တွေကိုတော့ ထိန်းသိမ်းနိုင်ခဲ့ပြီး လက်ရှိမှာလည်း 2020 International Fighter Of the Year ဆုကို ရရှိခဲ့ပြန်ပြီ ဖြစ်ပါတယ်။


အောင်လအန်ဆန် ကတော့ ဒီအကြောင်းလေးကိုတော့ ” ဒီနေ့မနက် sanfordmma မှာအသင်းဖော်တွေနဲ့လေ့ကျင့်မှု အပြီး မမျှော်လင့်ပဲနဲ့ worldmmaawards ဖြစ်တဲ့ 2020 International Fighter Of the Year ဆု တံဆိပ်ကို လက်ခံ ရရှိ ခဲ့ပါတယ်။ ဒီဆုကို ရရှိအောင်မဲပေးခဲ့ကြတဲ့ မြန်မာ ပရိတ်သတ်တွေ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ fightersonlymag ကိုလဲကျွန်တော့်ကို ဆန်ခါတင် စာရင်းမှာ ရွေးခြယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ” ဆိုပြီးတော့ရေးပြီး တင်ထားတာ ဖြစ်ပါတယ်။


အောင်လအန်ဆန် ကတော့ သူ့ပရိသတ်တွေကို အမြဲတမ်းလိုလို ပရိသတ်တွေ စိတ်မပျက်အောင် လုပ်ပေးနေတဲ့ Fighter တယောက် ဖြစ်ပြီး ဒီလိုမျိုး ဆုရရှိသွားတာကိုလည်း ဂုဏ်ယူနေကြမှာ အမှန်ပါပဲ။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာလည်း အောင်လအန်ဆန် ကို အားပေးကြတဲ့ သူတွေ ရှိကြမယ် လို့ ထင်ပါတယ်။