ရုတ်တရက် လေဖြတ်လျှင် ချက်ချင်း အကောင်းပကတိ ဖြစ်အောင် အလျင် အမြန် ပြုစုကုသနည်း

2020-02-21 17:19:53


ရုတ်တရက် လေဖြတ်လျှင် ချက်ချင်း အကောင်းပကတိ ဖြစ်အောင် အလျင် အမြန် ပြုစုကုသနည်း

ပြုစု ကုသ နည်းမှာ သမားတော်ကြီး ဣစ္ဆာသယ ဦးမောင်မောင်၏ နည်း ဖြစ်ပါသည်။ နက္ခတ္တေ ရာင်ခြည် မဂ္ဂဇင်းတွင် ဆောင်းပါးရှင် မြင့်မြတ်ထွန်း က စိတ်ဝင်စားဖွယ် ရေးသား ထားပြီး


မကြာမီကပင် လေဖြတ်သလို ဖြစ်၍ ပါးရွဲ့ခြေလက် လှုပ်မရသူ မိတ်ဆွေတစ်ဦးအား သမားေ တာ် ကြီး ညွန်ပြပါ နှိပ်ကွက် နေရာလေးများအား နှိပ်ပေးပါရန်


အကြံပေးလေရာ (၃) ရက် အကြာတွင် အကောင်းပကတိ ဖြစ် ခဲ့ သည်မို့ အဖြစ်များလှသော လေဖြတ် လေဖြန်း ရောဂါများ ကြုံခဲ့ ဖြစ်ခဲ့ပါလျှင် အသုံးပြုနိုင်ပါရန် ထပ်ဆင့် မျှဝေလိုက်ပါ သည်။


လေရောဂါသည် အသက် (၄၀) နှင့် (၆၀) ကြား အဖြစ်များပါသည်။ အအေးများရာက လေအ ထ က် သို့ ဆောင့်တက်၍ လေဖြတ်ပြီး ပါးရွဲ့၊ ခြေထောက်ဆာ၊ ခြေလက်တို့ လှုပ်မရအောင် ဖြစ်တတ်ပါသည်။


ရုတ်တရက် လေမိသူကို ယခု တင်ပြမည့် နှိပ်ကွက်လေးများဖြင့် နှိပ်ပေးပါမည် ဆိုလျှင် ပျောက် ကင်း သက်သာမှု ကို ရရှိစေပြီး လွယ်ကူစွာ ရှင်းရှင်းပြတ်အောင် သက်သာ ပျောက်ကင်းစေပါ သည်။




နှိပ်ကွက် (၁)


ခြေမျက်စိနှင့် နောက်တွင် ကပ်နေသော သွေးပြန်ကြောကို ခပ်နာနာလေး နှိပ်ပေးပါ။


နှိပ်ကွက် (၂)


ခြေဖဝါး အလယ်ဘေးသားက အကြောကို ကျေညက်အောင် နှိပ်ချေ ပေးပါ။




နှိပ်ကွက် (၃)


ဒူးဆစ် အောက်မှာရှိတဲ့ ခြေတံကောက်ကြောကို နှိပ်ချေ ပေးပါ။


နှိပ်ကွက် (၄)


ပေါင်တွင်းကြော ကို ကြိတ်ချေပြီး နှိပ်ပေးပါ။ အဲ့လို နှိပ်ကွက် လေးကွက်နဲ့ အချိန် မဆိုင်းပါ ဘဲ ဝိုင်းဝန်း နှိပ်ပေး လိုက်မယ် ဆိုရင်လေမိသူ ဟာ သတိလစ်မလို ဖြစ်နေရာက အာလေး လျှာလေး တာတွေ လျော့ကျ သွားပြီး မကြာခင် သတိ လည်ကာ လူကောင်းလို စကားပြန် ပြောနိုင်မှာ ဖြစ်ပါတယ်။


လိုသူတို့သုံး စိတ်နှလုံး ရွှင်ပြုံးနိုင်ပါစေ


CRD