ပြိုင်ဘက်အိန္ဒိယကစားသမားကို အနိုင်ယူကာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုတစ်ခု ထပ်မံရယူပေးနိုင်ခဲ့တဲ့ ကြက်တောင်မယ် သက်ထားသူဇာ

2020-02-24 09:30:08

၂၀၂၀ ယူဂန်ဒါနိုင်ငံတကာစီးရီးကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ် ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့်(၆၁)ရှိ မြန်မာကြက်တောင်ရိုက်မယ် သက်ထားသူဇာက ကမ္ဘာ့အဆင့်(၁၂၃)ရှိ အိန္ဒိယနိုင်ငံသူ Aakarshi Kashyap ကို (၂၁-၁၄) (၁၆-၂၁) (၂၁-၁၈)နဲ့ နှစ်ပွဲ-တစ်ပွဲ အနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

သက်ထားသူဇာဟာ ချန်ပီယံဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ရရှိမှာဖြစ်ပါတယ်။

သူဟာ ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ စတင်ကျင်းပမယ့် Future Series ပြိုင်ပွဲမှာ ပါဝင်ယှဉ်နိုင်ရေးအတွက် ကင်ညာနိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

Congratulations ! သက်ထားသူဇာ

Credit ဘောလုံးစတား