ဆေးလိပ်ဖြတ်လိုသူတွေ ဆေးလိပ်အမြန်ဆုံးပြတ်စေမယ့် နည်းလမ်း ကောင်းများ

2020-03-04 01:06:12


ဆေးလိပ်ဖြတ်လိုသူတွေ ဆေးလိပ်အမြန်ဆုံးပြတ်စေမယ့် နည်းလမ်း ကောင်းများ

ဆေးလိပ်ဖြတ်လိုသူတွေ ဆေးလိပ်အမြန်ဆုံးပြတ်စေမယ့် နည်းလမ်းကောင်းများ


ဆေးလိပ်အရက်ဆိုတာ တကယ်စွဲလန်းနေသူတွေအတွက်တော့ အလွန်ဖြတ်ရခက်ပါတယ်။ သိရသလောက်တော့ တော်တော်များများသော ဆေးလိပ်ဇိုး၊ အရက်ဇိုးသမားကြီးတွေဟာ မိမိတို့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေမျိုးမှာမှ သူတို့စွဲလန်းနေတာတွေကို ဖြတ်လေ့ရှိပါသတဲ့။ ဒီတော့ အသက်အန္တရာယ် ရင်မဆိုင်ရသေးခင်မှာ ဆေးလိပ်ဖြတ်ဖို့ စိတ်ကူးရှိသူတွေအတွက် အလွယ်ကူဆုံးနည်းလမ်း(၆)မျိုးကို မျှဝေပေးလိုက်ပါတယ်။ D Nae Khit ပရိသတ်ကြီးအနေနဲ့ ကိုယ်ချစ်တဲ့သူတွေ အသက်ရှည်ရှည်နေစေချင်ရင် ဒီဆောင်းပါးလေးကို သူတို့ကို ပေးဖတ်လိုက်ကြနော်။


(၁) တိကျတဲ့ရက်ကို သတ်မှတ်လိုက်ပါ -------------ဆေးလိပ်ဖြတ်မယ်ဆိုရင် အချိန်သတ်မှတ်တာ ရက်သတ်မှတ်တာက ပိုပြီးထိရောက်ပါတယ်။ ပြက္ခဒိန်မှာ မိမိဆေးလိပ်ဖြတ်မယ့်နေ့ကို တိတိကျကျ ရေးပြီး၊ အဲဒီမတိုင်ခင်မှာ ကြိုတင်ပြင်ဆင််မှုတွေ လုပ်ဖို့ လိုပါတယ်။ မိမိစိတ်ကို မနိုင်မှာစိုးတဲ့အတွက် အဲဒီလို ရက်သတ်မှတ်လိုက်ရင် အဆင်ပြေမှာပါ။


(၂) ဆေးလိပ်ဖြတ်ရခက်ခြင်း အကြောင်းအရင်းကို စာနဲ့ချရေးပါ .................... လူဆိုတာ စိတ်ကို အလွန်ဦးစားပေးကြပါတယ်။ ဆေးလိပ်ဖြတ်ရ ခက်စေတယ်လို့ ထင်ရတဲ့ အကြောင်းအရာတွေကို စာရွက်မှာ ချရေးပါ။ ဥပမာအားဖြင့် သင်ဟာ ဆေးလိပ်ကို အာရုံစူးစိုက်မှုကောင်းစေဖို့ သောက်တယ်ဆိုပါစို့။ တစ်ခြားနည်းလမ်းတစ်ခုနဲ့ အာရုံစူးစိုက်မှုကောင်းအောင် အစားထို့လို့ရတယ်ဆိုတာ သင် တွေးလို့ရပါတယ်။တစ်ခါ ကိုယ်က ဆေးလိပ်ကို စွဲလန်းနေလို့ ဖြတ်ရခက်တယ်ဆိုပါစို့။ ဒီစွဲလန်းမှုကို တစ်ခြား ရသေ့စိတ်ဖြေနည်းနဲ့ အစားထိုးလို့ရပါတယ်။ အစားထိုးလို့ရတဲ့နည်းလမ်းတွေ အများကြီးပါ။ ကိုယ်က အစားထိုးမကြည့်တာသာ ဖြစ်ပါတယ်။ အဲဒီလိုတွေးလိုက်ရင် ဆေးလိပ်ဖြတ်ရတာ ထင်သလောက် မခက်ပါဘူး။


(၃) စိတ်ပါတုန်း ဖြတ်ပါ ............... တစ်ခါတလေ ဆေးလိပ်ဖြတ်တာ နောက်ကျနေတတ်ပါတယ်။ တစ်ချိုဆို အဆုတ်တွေ ကျွမ်းနေမှ ဆေးလိပ်ဖြတ်တော့ မထိရောက်တော့ပါဘူး။ ဒီတော့ ကိုယ်လည်း ကျန်းမာနေတုန်း၊ စိတ်ကလည်း ဆေးလိပ်ဖြတ်ဖို့ အားသန်နေတုန်း လက်တွေ့အကောင်အထည် ဖော်လိုက်ပါ။


(၄) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ .................လူတစ်ယောက် ဆေးလိပ်စဖြတ်တာနဲ့ ခန္ဓာကိုယ်ရဲ့ ယခင်နှစ်ရှည်လများ လုပ်ဆောင်ခဲ့တဲ့ဇီဝကမ္မစနစ်တွေက ကမောက်ကမ စဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သူတစ်ယောက်အတွက် ဒီလို ဇီဝကမ္မဖြစ်စဉ် အပြောင်းအလဲဟာ သိပ်ပြီး မသိသာလိုက်ဘဲ အလိုလို ကျော်ဖြတ်သွားနိုင်ပါတယ်။


(၅) ရသေ့စိတ်ဖြေနည်းတစ်ခုခုကို ရွေးချယ်ပါ .................. ဆေးလိပ်ဖြတ်တဲ့အခါ တုံးတိကြီးဖြတ်လိုက်တာထက်၊ သူ့နေရာမှာ အခြားတစ်ခု အစားထိုးတဲ့နည်းက ပိုထိရောက်ပါတယ်။ တစ်ချို့က ကွမ်းနဲ့ ဖြတ်ကြပါသတဲ့။ တကယ်တော့ ဆေးလိပ်မပြတ်ဘဲ ကွမ်းပါစွဲလန်းသွားရင် ပိုဆိုးပါလိမ့်မယ်။ ပီကေဝါးတာ၊ ဆေးလိပ်ဆာတိုင်း ငါးများထွက်တာမျိုးပေါ့။


(၆) အားလုံးကို အသိပေးကြေညာတာ ..................ဘယ်လိုပဲဖြစ်ဖြစ် ဆေးလိပ်ဖြတ်ပြီဆိုရင် ကိုယ်တစ်ယောက်တည်း ကြိတ်ဖြတ်တာထက် အားလုံးကို အသိပေးလိုက်တာ ပိုပြီးတော့ ကောင်းပါတယ်။ အရပ်စကားနဲ့ပြောရရင် ကိုယ်က ဆေးလိပ်ပြန်သောက်ချင်ဦးတောင်မှ၊ ငါ သူတို့ကို ကတိပေးပြီးပြီပဲဆိုပြီး အဟန့်အတားဖြစ်စေပါလိမ့်မယ်။ အဲဒီနည်းတွေကို ကြိုးစားကြည့်ကြပါ။

နတ်စည်တော် D Nae Khit Media