ဒီဂီယာအတွက် ရီးရဲလ်တို့ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ ယူနိုက်တက်

2020-03-07 22:38:42


ဒီဂီယာအတွက် ရီးရဲလ်တို့ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ ယူနိုက်တက်

ဒီဂီယာအတွက် ရီးရဲလ်တို့ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ ယူနိုက်တက်


ဥရောပထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းဟာ ယူနိုက်တက်ဂိုးသမား ဒီဂီယာကို ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ထိုကမ်းလှမ်းမှုကို ယူနိုက်တက်တို့ကလည်း လက်ခံစဥ်းစားခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။


အက်သလက်တီကိုအသင်းမှာ နှစ်အတန်အကြာ ကစားပေးခဲ့ဖူးတဲ့ ဒီဂီယာကို ရီးရဲလ်တို့က အရင်ကတည်းက ခေါ်ယူဖို့ကြိုးပမ်းဖူးတာဖြစ်ပြီး ယခုအခါမှာလည်း ဒီဂီယာကို ထပ်မံချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။



The Sun ရဲ့ သတင်းများအရ ရီးရဲလ်တို့ဟာ အဆိုပါ အသက် (၂၉) နှစ်အရွယ် စပိန်သားအတွက် ယူရို သန်း (၇၀) နဲ့ ကမ်းလှမ်းခဲ့ကြတယ်လို့ သိရပါတယ်။


သတင်းတွေက ဒီဂီယာတစ်ယောက် ဘာနေဗျူးကို ပြောင်းရွှေ့နိုင်တယ်လို့ ယူဆခဲ့ကြပြီး သူတို့ရဲ့ဂိုးသမား ကော်တိုရစ်ကို ဒီဂီယာနဲ့ အစားထိုးလိုနေကြတယ်လို့ ဖော်ပြခဲ့ကြတာပါ။



ဒီဂီယာဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာကတင် ယူနိုက်တက်တို့နဲ့ တစ်ပတ်လစာ ပေါင် (၃၇၅,၀၀၀) သိန်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။


ဒါပေမဲ့ ယူနိုက်တက်တို့က ရီးရဲလ်တို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာကြောင့် လာမယ့်ရာသီမှာ ရှက်ဖီးလ်အသင်းကနေ အငှားစာချုပ်ပြည့်လို့ အသင်းကိုပြန်လာမယ့် ဂိုးသမားဟန်ဒါဆန်ကို နေရာပေးတော့မယ်လို့လည်း သတင်းတွေက ဆက်လက်ဖော်ပြခဲ့ပါတယ်။



ဒီဂီယာဟာ လတ်တလောကမှ အဲဗာတန်နဲ့ပွဲမှာ သူ့အမှားကနေ ဂိုးခွင့်ပြုပေးခဲ့ရတာကြောင့် ပရိုမပီသတဲ့အမှားဟူ၍ မန်ယူပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်ပုတ်ခက်မှုတွေကို ရင်ဆိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်တို့က ဒီအချက်ကို အချိန်ကိုက် အခွင့်ကောင်းဝင်ယူတာလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။


Written : Thek Htu


Source : The Sun


Photos : online