မန်ယူနိုက်တက်က မန်စီးတီးကို ၂ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

2020-03-09 19:04:35


မန်ယူနိုက်တက်က မန်စီးတီးကို ၂ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မန်ယူနိုက်တက်က မန်စီးတီးကို ၂ ဂိုးပြတ်အနိုင်ရ (ရုပ်သံ)


မတ် ၈ ရက်နေ့ ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ အနိုင်ရသွားပါတယ်။ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်ယူနိုက်တက်က မန်စီးတီးကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို မာရှယ်နဲ့ တွမ်မီနေးက သွင်းယူလိုက်တာပါ။ ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ပြိုင်ဘက် မန်စီးတီးကို နောက်ဆုံး ၄ ပွဲအတွင်း ပထမဆုံးအကြိမ် အနိုင်ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ အဲဗာတန်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီး ကစားသမားတွေ ဒီပွဲမှာ ဂိုးမြူးခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၄၈ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး မန်ယူနိုက်တက်က ၄၅ မှတ်နဲ့ အဆင့် ၅ မှာ ရှိနေပါတယ်။