ဗြိတိန်နိုင်ငံရှိ ဘောလုံးပွဲစဉ်အားလုံး ကွင်းပိတ်ကျင်းပရန် ကြေညာ

2020-03-12 21:33:44


ဗြိတိန်နိုင်ငံရှိ ဘောလုံးပွဲစဉ်အားလုံး ကွင်းပိတ်ကျင်းပရန် ကြေညာ

ဗြိတိန်နိုင်ငံရှိ ဘောလုံးပွဲစဉ်အားလုံး ကွင်းပိတ်ကျင်းပရန် ကြေညာ


အင်္ဂလန်နိုင်ငံမှာ ကျင်းပနေတဲ့ ဘောလုံးပွဲအားလုံး ကွင်းပိတ်ကျင်းပဖို့ အစိုးရက ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်က ဂရိကလပ် အိုလံပီယာကော့စ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ အိုလံပီယာကော့စ်အသင်းပိုင်ရှင်ဖြစ်သူဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း အတည်ပြုခဲ့ပါတယ်။

အဲ့နောက်မှာ သူနဲ့ထိတွေ့ဆက်ဆံမှုရှိခဲ့တဲ့ အာဆင်နယ်ကစားသမားတွေကိုလည်း ၁၄ ရက်ကြာ သီးသန့်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဘောလုံးပွဲစဉ်တွေအားလုံးကို ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပရတော့မှာဖြစ်တဲ့အပြင် ဘီယာဆိုင်တွေမှာလည်း လူစုလူဝေးနဲ့ ကြည့်ရှုခွင့်မရှိတော့ဘူးလို့ သိရပါတယ်။

DVB TV News