MMA ပါဝါပြင်းဖိုက်တာငါးဦးတွင် အောင်လအန်ဆိုင်း နံပါတ်တစ် အဆင့်သတ်မှတ်ခံရ

2020-03-15 11:45:54


MMA ပါဝါပြင်းဖိုက်တာငါးဦးတွင် အောင်လအန်ဆိုင်း နံပါတ်တစ် အဆင့်သတ်မှတ်ခံရ

MMA ပါဝါပြင်းဖိုက်တာငါးဦးတွင် အောင်လအန်ဆိုင်း နံပါတ်တစ် အဆင့်သတ်မှတ်ခံရ


====================

====================


ONE Championship က MMA ပြိုင်ပွဲဝင်တွေထဲမှာ ပါဝါအပြင်းဆုံးဖိုက်တာ(၅)ဦးကို မတ်လ(၁၄)ရက်က ရုပ်သံပြကွက်တွေနဲ့အတူ ထုတ်ပြန်လိုက်ပါတယ်။


ပြိုင်ဘက်ကို အလဲထိုးရာမှာ သပ်ရပ်ပြီး အားပါတဲ့ တိုက်ကွက်တွေ သုံးနိုင်တဲ့ အရည်အချင်းကို တွက်ချက်ပြီး ခွဲခြားတာပါ။ဒီလိုအဆင့်သတ်မှတ်ရာမှာ ပါဝါပြင်းတဲ့ ညာလက်သီးနဲ့ ချုပ်ကွက်တွေကြောင့် အောင်လအန်ဆိုင်းက နံပါတ်(၁)အဖြစ် သတ်မှတ်ခံရပါတယ်။ဒုတိယနေရာမှာတော့ သူ့ကို စိန်ခေါ်ပြီး ရှုံးနိမ့်ခဲ့တဲ့ ဟဲဗီးဝိတ်တန်းကဘရန်ဒန်ဗီရာရှိနေပါတယ်။


ဗီရာဟာ အမေရိကန်နိုင်ငံသားဖြစ်ပေမယ့် ဖိလစ်ပိုင်ကိုယ်စားပြုထိုးသတ်နေသူပါ။ နံပါတ်(၃)နေရာမှာ ဘရာဇီးသား အလိန်းဂါလာနီ ရှိနေပြီး နံပါတ်(၄)နေရာမှာ ထူးထူးခြားခြား ထိုင်းနိုင်ငံသူစတန့်ဖဲလ်တက်စ် ရှိနေပါတယ်။


နံပါတ်(၅)နေရာမှာတော့ ဗီတာဗဲလ်ဖို့ ရှိနေပြီး သူလည်း ဘရာဇီးနိုင်ငံသားပါ။


သတင်း....လှိုင်ဌေး


Source;ONE Championship


---


MMA ပါဝါပြင်းဖိုက်တာငါးဦးတွင် အောင်လအန်ဆိုင်း နံပါတ်တစ် အဆင့်သတ်မှတ်ခံရ


==========


One News Myanmar