ကိုယ်ပိုင်ဟိုတယ်တစ်ခုကို ဆေးရုံအဖြစ်ပြောင်းလဲပြီး ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အခမဲ့ကုသပေးသွားမယ့် ရော်နယ်လ်ဒို

2020-03-15 11:49:14


ကိုယ်ပိုင်ဟိုတယ်တစ်ခုကို ဆေးရုံအဖြစ်ပြောင်းလဲပြီး ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အခမဲ့ကုသပေးသွားမယ့် ရော်နယ်လ်ဒို

ကိုယ်ပိုင်ဟိုတယ်တစ်ခုကို ဆေးရုံအဖြစ်ပြောင်းလဲပြီး ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အခမဲ့ကုသပေးသွားမယ့် ရော်နယ်လ်ဒို


ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး နာမည်ကြီး ကစားသမား စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီမှ သူပိုင်သည့်ဟော်တည်များကို ကိုရိုနာဗိုင်းရပ်စ် ဆေးရုံများအဖြစ် မကြာခင်အချိန်အတွင်းပြောင်းလဲပေးပြီး အခမဲဆေးကုသမှုပါ ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။




ဒါ့အပြင် အဆိုပါ ဆေးရုံမှာ လာရောက် ကုသပေးတဲ့ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံလုပ်သားများအားလုံး၏ လစာများကိုပါ ရော်နယ်လ်ဒိုမှ ပေးသွားမည်ဖြစ်ကြောင်း မာကာသတင်းစာက ဖော်ပြထားပါတယ်။




ပေါ်တူဂီနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၂ ဦးအထိရှိနေပြီး နောက်ထပ် ပြန့်ပွားမှုမရှိစေရေးအတွက် အစိုးရမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်နေပါတယ်။ ပေါ်တူဂီနှင့် နယ်ချင်းစပ် စပိန်နိုင်ငံမှာတော့ လူအယောက် ၆၀၄၆ဦး အထိ ကူးစက်ပျံ့ပွားလျက်ရှိပြီး သေဆုံးသူဦးရေမှာ ၁၉၁ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေဟာ ဥရောပတိုက်မှာ အချိန်နှင့်အမျှမြှင့်တက်လျက်ရှိပြီး အလွန်စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေတစ်ခုကို ဆိုက်ရောက်နေပါတယ်။ ရော်နယ်လ်ဒို၏ အသင်းဖော် ရူဂါနီဟာ လွန်ခဲ့သည့်တပတ်က ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်ခံလိုက်ရသည့်အတွက် ရော်နယ်လ်ဒိုအပါအဝင် ဂျူဗင်တပ်စ်အသင်းသားများအားလုံးဟာ ဆေးစစ်ခဲ့ရပါတယ်။


ဒါပေမယ့် ကံကောင်းသည်က ရော်နယ်လ်ဒိုဟာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိဘူးလို့ အဖြေထွက်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ ဘီလျံနာသူဌေးအများစုဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းခဲ့သလို၊ ရော်နယ်လ်ဒိုဟာလည်း သူ၏ ဟော်တည်များကို ဆေးရုံအဖြစ် ပြောင်းလဲပြီး ကူးစက်ခံ လူနာများကို အခမဲ့ဆေးကုသမှု ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။


လာမည့်တပတ်အတွင်း စီရော်နယ်လ်ဒိုရဲ့ PestanaCR7 ဆိုသည့် ဟော်တည်ကို အရင်ဆုံး ဆေးရုံအဖြစ်ပြောင်းလဲပေးပြီး ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံလုပ်သားများနှင့်အတူ ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသပေးသွားမှာဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာမှ တဆင့်ကြေငြာသွားခဲ့ပါတယ်။