အပြင်မထွက်ပဲ အိမ်မှာပဲ နေကြဖို့ တိုက်တွန်းလိုက်တဲ့ Kylie Jenner

2020-03-20 14:43:37


အပြင်မထွက်ပဲ အိမ်မှာပဲ နေကြဖို့ တိုက်တွန်းလိုက်တဲ့ Kylie Jenner

အပြင်မထွက်ပဲ အိမ်မှာပဲ နေကြဖို့ တိုက်တွန်းလိုက်တဲ့ Kylie Jenner


လက်ရှိ ကမ္ဘာ့နိုင်ငံေ တာ်တော်များများမှာဖြစ်ပွားနေတဲ့ coronavirus အန္တရာယ်ကြောင့်  အနု ပညာရှင်ဆယ်လီ တော်တော်များများကတော့ အပြင်မှာ မထွက်ပဲ အိမ်မှာပဲ နေနေကြပါတယ်။လူ ထပ် တဲ့ေ နရာမျိုးတွေ မှာ သွားလာနေ တာမျိုးက ရောဂါ ကူးစက် ပြန့်ပွားမှု နှုန်းကို ပိုများ စေနိုင် ပါတယ်။အခုဆိုရင်တော့ Tom Hanks, John Legend, Chrissy Teigen, Ariana Gra nde၊ Gaga  တို့ အပါအဝင် အနုပညာရှင် ဆယ်လီ တေ်ာတော်များများ က တော့ social isola tion လုပ်နေကြပါတယ်။Kylie Jenner ကလည်း သူမရဲ့ ပရိသတ်တွေကို အိမ်မှာပဲ နေကြဖို့  IG ကနေ တိုက်တွန်းလိုက်ပါတယ်။


Kylie Jenner ရဲ့ Instagram မှာတော့ Follower (166)သန်းရှိပါတယ်။Kylie ကတော့ သူမရဲ့ Cosmetic ကုမ္ပဏီ ကြောင့် ဘီလီယံနာ အဖြစ် ကြွယ်၀ ချမ်းသာ လာခဲ့သူပါ။အသက် အငယ်ဆုံး ဘီလီယံနာ အဖြစ် ပါ အသိအမှ တ်ပြု ခံထားရသူပါ။IG Star တစ်ယောက် ဖြစ်ပြီး Follower တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ သူမဟာ အခုလို မျိုး ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန် မှာ သူမရဲ့ ဆိုရှယ်ပလတ်ဖောင်းကို အသုံးချပြီး လူတွေ ကို ကျန်းမာရေး အသိပညာတွေ ဝေမျှ ပေး နေ ပါတယ်။သူမရဲ့ Follower တွေကို ကျန်းမာရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကို ဝယ်ယူ ထား ကြဖို့ လည်း တိုက်တွန်းခဲ့ပါတယ်။


ဒီကနေ့ အစောပိုင်းမှာတော့ ဒေါက်တာ Jerome Adams က  TV အင်တာဗျူးတစ်ခုမှာ coronavirus အန္တရာယ်ကို လူငယ်တွေ အလေး အနက်ထားလာဖို့ က Kylie တု့ိလို  social media influencer တွေရဲ့ အကူအညီ လိုအပ် တယ်လို့ ပြောခဲ့ပါ တယ်။ဒီလို လူမျိုးတွေ က ကပ်ရောဂါ ဆိုးရဲ့ အန္တရာယ်က ဘယ်လော က် ကြီးမားလဲ ဆိုတာကို နားလည် အောင် ပြော ပေးမှ လူငယ်တွေ က သဘော ပေါက်နားလည် လာလိမ့်မယ်လို့  ပြောခဲ့ပါတယ်။


အဲ့ဒီအင်တာဗျူး ထွက်လာပြီး သိပ်မကြာမှာပဲ Kylie က သူရဲ့ IG မှာ  အပြင် မထွက်ပဲ အိမ်မှာနေတဲ့ social distancing နဲ့ self quarantine လုပ် နေဖို့ အ ရေးကြီး ကြောင်း ပြောခဲ့ပါတယ်။coronavirus အန္တရာယ်က တကယ်အလေးအနက်ထားရမယ့်အ ရာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။“မိဘ တွေနဲ့ အတူ နေတာဆိုရင် ရှင်တို့ တွေ အိမ်မှာ မနေပဲ အပြင် ထွက်ရင် မိဘ တွေ နေမကောင်းဖြစ်လိမ့်မယ်။ရှင်တို့မှာ ဒီရောဂါ ကူးစက်ခံ နေရတာကို မသိပဲ အပြင် သွားမိရင် တခြားသူတွေကို ဒီရောဂါ ကူးစက်လိမ့်မယ်။


ရောဂါ အတွက် ပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးတော့ အခုအနေ အထားမှာ လုပ်နိုင်တာ ရောဂါ ဖြစ်ပွားမှုကို လျော့ ချ ဖို့ပဲရှိတယ်။ Millennials တွေ ကလည်း ဒီရောဂါ ကို မတွန်းလှန်နိုင်ဘူူး။ဆေးရုံမှာ အခု ရောက် နေတဲ့ သူတွေ က လူငယ်တွေပဲ..” လို့ ပြောခဲ့ပါတယ်။ရုပ်ရှင်ကြည့်၊စာဖတ်၊ ချက်ပြုတ်၊ဂိမ်းကစားပြီး အိမ်မှာ အေးဆေး အချိန်ဖြုန်းလို့ ရတယ်လို့လည်း ပြောခဲ့ပါတယ်။



Source:variety/Kylie Jenner’s IG