သင့်ကိုယ်ထဲမှာ အဆိပ်အတောက်များ စုပုံနေကြောင်း သိရှိနိုင်မယ့် လက္ခဏာ ( ၁၀ ) မျိူး

2020-03-22 23:07:09


သင့်ကိုယ်ထဲမှာ အဆိပ်အတောက်များ စုပုံနေကြောင်း သိရှိနိုင်မယ့် လက္ခဏာ ( ၁၀ ) မျိူး

သင့်ကိုယ်ထဲမှာ အဆိပ်အတောက်များ စုပုံနေကြောင်း သိရှိနိုင်မယ့် လက္ခဏာ ( ၁၀ ) မျိူး


ကျွန်ပ်တို့ကိုယ်ခနာကြီးဟာ သဘာအတိုင်း အညစ်အကြေးတွေကို ပြန်လည်သန့်စင်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် အညစ်အကြေးနဲ့အဆိပ်အတောက်တွေအလွန်စုပြုံလာပါက ပြန်လည်သန့်စင်ဖို့မနိုင်နင်းတာကြောင့် ထိုအဆိပ်များကို ကိုယ်ထဲမှာ သိမ်းဆည်းထားရပါတယ်။အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကိုထိခိုက်စေတာမို့ ထိုအဆိပ်များကို သန့်စင်အောင်ပြုလုပ်ရန် လိုအပ်ပါတယ်။


အဆိပ်အတောက်တွေဆိုတာ ဘာတွေလဲ?


ကျွနု်ပ်တို့သိကြတဲ့အတိုင်းပါပဲ။အဆိပ်အတောက်တွေဟာ ကျွန်ုပ်တို့ ကိုယ်ခနာကို အနရယ်ပေးနိုင်တဲ့အရာတွေဖြစ်ပြီး ပုံမှန်အားဖြင့် ကျွန်ုပ်တို့ရဲ့ ကိုယ်ခံအားစနစ်ကနေ တိုက်ထုတ်ပေးပါတယ်။ အကြောင်းအမျိူးမျိူးကြောင့် မတိုက်ထုတ်နိုင်ပါက အဆိပ်အတောက်များ အလွန်အမင်းစုပုံလာမှာ ဖြစ်ပြီး detoxing (အဆိပ်ထုတ်ခြင်း) ပြုလုပ်ဖို့ လိုအပ်လာပါမယ်။


ထိုအဆိပ်များ ဘယ်ကနေဝင်ရောက်လာသလဲ၊


-ပတ်ဝန်းကျင်( စက်မှုလုပ်ငန်းများ၊ကားများ၊ ရေနဲ့လေထု ညစ်ညမ်းမှုများ၊ဓာတ်ရောင်ခြည်များ၊ပိုးသတ်ဆေးများ၊သန့်ရှင်းရေးသုံးပစည်းများ၊ရေမွှေးများ၊ဆံပင်ဖျန်းဆေးများ၊မိတ်ကပ်စသည်)


-နေထိုင်မှုပုံစံ(အရက်၊ကော်ဖီ၊ဆေးလိပ်၊သကြား၊အသင့်စားအစာများ၊ဆီသွပ်ဗူးများ၊ဆေးဝါးများ စသည်)


-ကိုယ်တွင်းပြောင်းလဲမှုဖြစ်စဉ်များ(ကိုယ်အစိတ်အပို်င်းများမှ ဖြိုခွဲလိုက်သော အသားဓာတ်၊အဆီများ၊သကြားများ၊)


-အူလမ်းကြောင်းရှိ ပိုးမွားများ


ကျွန်ုပ်တို့ရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းမှာ အစာချေခြင်းကို ကူညီပေးသော ကောင်းမွန်တဲ့ ဘက်တီးရီးယားများစွာ ရှိပါတယ်။သို့ပေမယ့် ထိုဘတ်တီးရီးယားများ အလွန်များပြားလာပါက သွေးထဲသို့ အဆိပ်အတောက်များကို စုပုံစေပြီး ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။


-စိတ်ခံစားမှူ


(စိတ်ဖိစီးမှုနဲ့ကြောက်စိတ်များပြားခြင်း၊အက်စီးဒင့်ဖြစ်ခြင်းများ ဖြစ်ပေါ်သောအခါ အာရုံကြောစနစ်နဲ့ဟော်မုန်းစနစ်ကို များစွာသက်ရောက်မှု ဖြစ်စေပါတယ်။ထိုအခါ ကိုယ်ခနာကနေ အဆိပ်များခြေဖျက်သောစနစ် ကိုယိုယွင်းစေပါတယ်။


အဆိပ်အတောက်များစုပုံနေကြောင်းပြသသည့်လက္ခဏာများမှာ –


(၁)ကိုယ်အလေးချိန်တိုးခြင်း


သင်ဟာ diet နဲ့ လေ့ကျင့်ခန်းကို ပြုလုပ်နေသူဖြစ်တာတောင် ကိုယ်အလေးချိန်တစ်စထက်တစ်စ တိုးလာတာကို သတိထားမိလာပါသလား၊ဒါဆိုရင်တော့ သင့်ကိုယ်ထဲတွင် အဆိပ်များ စုပုံနေတာဖြစ်နိုင်ပါတယ်။ အဆိပ်အများစုဟာ အဆီမှာပျော်ဝင်နိုင်ပြီး အဆီထဲတွင် သိုလှောင်ခြင်းခံရပါတယ်။ထိုသို့အဆိပ်များကိုသိုလှောင်နိုင်ဖို့ ကိုယ်ခန္ဒာကနေ အဆီဆဲလ်များကို ပိုမိုထုတ်ပေးရတာမို့ အဆီများပိုမိုများပြားလာရခြင်းဖြစ်ပါတယ်။ဒါကြောင့် ထိုအဆိပ်များမကုန်မချင်း အဆီကျဖို့ခဲယဉ်းမှာ ဖြစ်ပါတယ်။


(၂)အမြဲလိုလို မောပန်းနွမ်းလျခြင်း


သင်ဟာ လုံလောက်သောအိပ်စက်ခြင်းရှိတာတောင်မှ အိပ်ရေးမဝခြင်းနဲ့ အားအင်ကုန်ခမ်းခြင်းကို ခံစားနေရပါသလား။သင့်ကိုယ်ထဲတွင် အဆိပ်များစုပုံနေသောအခါ သင့်ရဲ့ adrenal ဂလင်းကို များစွာသက်ရောက်မှုဖြစ်ပေါ်ပါတယ်။ကြာမြင့်စွာအဆိပ်များစုပုံသောအခါ adrenal ဂလင်းကောင်းစွာအလုပ်မလုပ်နိုင်တော့တာမို့ သင့်ကိုပင်ပန်းပြီးအိပ်ငိုက်နေစေတာဖြစ်ပါတယ်။


(၃)ညအိပ်မပျော်ခြင်း


သင်ဟာ အမြဲလိုလိုနိုးကြားနေပြီး စိတ်ဖိစီးနေတတ်ပါက ကော်တီစောဟော်မုန်း မမျှတခြင်းကြောင့် ဖြစ်ပါတယ်။ ကော်တီစော သည် စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ ကိုယ်ခန္ဒာက ထုတ်ပေးသော ဟော်မုန်းဖြစ်ပါတယ်။ ကျန်းမာသောလူတစ်ဦးတွင် ကော်တီစောဟော်မုန်း level ဟာ မနက်ပိုင်းတွင်အမြင့်ဆုံးဖြစ်ပြီး တဖြည်းဖြည်း နည်းပါးလာပါတယ်။ကော်တီစောဟော်မုန်းမမျတသော လူများတွင် ကော်တီစော ဟော်မုန်းအမြင့်ဆုံးအချိန်ဟာ ညနေဘက်ဖြစ်နေပါတယ်။ထို့ကြောင့် ညဘက်တွင်လန်းဆန်းနေပြီး အိပ်ချင်စိတ်ကင်းမဲ့နေပါလိမ့်မယ်။နာတာရှည်ညအိပ်မပျော်ခြင်းကြောင့် အခြားသော ကျန်းမာရေးပြသနာများ ဝင်ရောက်လာမှာ ဖြစ်လို့ ကိုယ်ထဲရှိအဆိပ်များကို သန့်စင်ပေးဖို့လိုပါတယ်။


(၄)စဉ်းစားတွေးခေါ်ခြင်းများ အားနည်းလာခြင်း


အချိူမှုန့်တွင်ပါသော မိုနိုဆိုဒီယမ် ဂလူတမိတ်ကဲ့သို့ အဆိပ်အတောက်တွေဟာ ဦးနောက်ကိုတိုက်ရိုက်ထိခိုက်စေပါတယ်။ဦးနှောက်ဆဲလ်များကို သေကြေပျက်စီးစေပြီး စဉ်းစားတွေးခေါ်မှုကို နှေးကွေးစေပါတယ်


(၅)မကြာခဏခေါင်းကိုက်ခြင်း


သင်ဟာ မကြာခဏဆိုသလို အလွန်အမင်းခေါင်းကိုက်ခြင်းကို ခံစားနေရပါက သင့်ကိုယ်ထဲမှာ အဆိပ်အတောက်တွေ အတော်စုပုံနေပြီလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် အချိိူမှုန့်အစားများသူတွေအနေနဲ့ ဦးနှောက်ကိုတိုက်ရိုက်ထိခိုက်နိုင်သော အဆိပ်များ စုပုံရာမှ အလွန်ခေါင်းကိုက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ အချိူမှုန့်အပြင် ဆိုးဆေးပါသောအစာများ၊ကြာရှည်ခံအောင်ပြုလုပ်ထားသောအစာများနဲ့ သတ္တုပစည်းများတွင်ပါဝင်သော အဆိပ်များကြောင့်လည်း ခေါင်းအလွန်ကိုက်ခြင်း ဖြစ်စေပါတယ်။


(၆)စိတ်တက်လိုက်ကျလိုက်ဖြစ်ခြင်း


သင်ဟာ တစ်နေ့တည်းမှာပဲ စိတ်ပျော်လိုက် ဝမ်းနည်းလိုက်ဖြစ်နေတတ်ပါက သင့်ကိုယ်ထဲမှာ ဟော်မုန်းများမမျှတမှု ဖြစ်နေပြီဆိုတာ သိသင့်ပါတယ်။ xenoestrogens ဆိုတဲ့ အဆိပ်ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။မီးဖိုချောင်သုံးပလတ်စတစ်များနဲ့ စက်ရုံမှထွက်သောဓာတ်ပေါင်းများတွင် ထိုအဆိပ်များ ပါဝင်တာမို့ ရှောင်ရှားသင့်ပါတယ်။


(၇)ကိုယ်နံ့ဆိုးများ ထွက်ခြင်း


သင်ဟာ အချိန်ကြာမြင့်စွာ ခံတွင်းနံ့ဆိုးများပိုင်ဆိုင်ခြင်း၊ချွေးနံံ့ဆိုးခြင်း၊အနံ့ပြင်းစွာ လေလည်ခြင်းကို ခံစားနေရပါက သင့်အသည်းနဲ့ အူမကြီးက အဆိပ်များကို ကောင်းစွာ မစွန့်ပစ်နိုင်ကြောင်း ပြသနေခြင်း ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အချိန်ကြာမြင့်စွာ လေပွနေခြင်း၊ဗိုက်ပြည့်ဗိုက်ကယ်ခြင်း၊နဲ့အတူ ကိုယ်နံ့ဆိုးများရှိနေပါက သင့်အူလမ်းကြောင်းတလျှောက်ရှိ အဆိပ်များကို ရှင်းထုတ်ပစ်ဖို့ လိုအပ်နေပါတယ်။


(၈)ဝမ်းချူပ်ခြင်း


သင့်ကိုယ်ထဲက အညစ်အကြေးတွေကို နေ့စဉ်စွန့်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ထို့ကြောင့် ဆီးနဲ့ဝမ်းမှန်ဖို့ အရေးကြီးတာဖြစ်ပါတယ်။ သင်ဟာဝမ်းချူပ်တတ်သူဖြစ်ပါက သင့်ကိုယ်ထဲက အဆိပ်တွေကို အညစ်အကြေးအဖြစ်မစွန့်ထုတ်နိုင်ပဲ ထိုအဆိ်ပ်များကို သွေးကနေပြန်စုပ်ယူခြင်းခံရပြီး တကိုယ်လုံးကို ပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။ထို့ကြောင့် ရေများများသောက်ခြင်း အသီးအရွက်နဲ့အမျှင်ဓာတ်ပါသောအစာများစားခြင်းတို့ဖြင့် ဝမ်းမှန်အောင်ထိမ်းသိမ်းသင့်ပါတယ်။


(၉)ကြွက်သားများနာကျင်ခြင်း


ကြွက်သားများမကြာခဏ နာကျင်ကိုက်ခဲခြင်းဟာလဲ အဆိ်ပ်အတောက်များစုပုံနေသာ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ထိုအဆိပ်အတောက်များဟာ ကြွက်သားများရဲ့အာရုံကြောစနစ်ကို လှ့ုံ့ဆော်နိုင်စွမ်းရှိကြပြီး ကြွက်သားနာကျင်ခြင်းနဲ့ ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။


(၁၀)ဝက်ခြံနဲ့အရေပြားအနီကွက်များ ဖြစ်ပေါ်ခြင်း


ကိုယ်ထဲသို့ဝင်ရောက်လာသောအဆိပ်အတောက်များကို စွန့်ထုတ်ဖို့ အသည်းကလုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့် အဆိပ်အတောက်များအလွန်အမင်းစုုပုံလာပါက အသည်းရဲ့တာဝန်မနိုင်နင်းတော့ပဲ ထိုအဆိပ်များကို အရေပြားမှတဆင့် စွန့်ထုတ်ရပါတယ်။ထိုသို့အရေပြားကနေ အဆိပ်များကိုစွန့်ထုတ်ရသောအခါ ဝက်ခြံ၊နှင်းခူနဲ့အရေပြားအနီကွက်များ ဖြစ်ပေါ်လာပါတယ်။


သင့်မှာအထက်ပါ လက္ခဏာများရှိနေပါက အဆိပ်ထုတ်သောအစားအသောက်ပုံစံကိုလိုက်နာသင့်ပါတယ်။ အသီးအနှံနဲ့ သစ်သီးများစားသုံးခြင်း၊ရေများများသောက်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။


Writer_Dr Jue ( XYZ NEWS )