အဆုတ် ထဲက အဆိပ်အတောက်တွေကို ဂျင်းနဲ့ ဘယ်လို ဖယ်ရှားမလဲ

2020-03-27 20:19:27


အဆုတ် ထဲက အဆိပ်အတောက်တွေကို ဂျင်းနဲ့ ဘယ်လို ဖယ်ရှားမလဲ

အဆုတ် ထဲက အဆိပ်အတောက်တွေကို ဂျင်းနဲ့ ဘယ်လို ဖယ်ရှားမလဲ


လူတစ်ယောက် အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေထဲမှာ အဆုတ် လည်း ပါဝင်နေပါတယ်။


ဒါ့ကြောင့် အဆုတ် ကျန်းမာရေးက အရေးကြီးပြီး အဆုတ် ကို သန့်စင်အောင် ထားရှိဖို့ လိုအပ်ပါတယ်။


အထူးသဖြင့် ဆေးလိပ် သောက်တတ်သူတွေဆိုရင် အဆုတ် ကို သတိထားပြီး အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသင့်ပါတယ်။

 

ဂျင်း


ဂျင်းကို အသုံးပြုပြီး အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်က တွေ့ရှခဲ့တဲ့ သုတေသနအရ ဂျင်းမှာ အဆုတ်ကင်ဆာ ရောဂါကိုလည်း ကာကွယ်နိုင်စွမ်းရှိပါတယ်။


အဆုတ်ကို သန့်ှရှင်းဖို့ ဂျင်းရေနွေးကြမ်း


မီးဖိုပေါ်မှာ ရေနွေးကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ ပြီးရင် ဂျင်းကို ပါးပါးလှီးထားပါ။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာလောက်ကို ရေနွေး ၁ ခွက်ခွဲစာလောက်ထဲ ခပ်လိုက်ပါ။


၅ မိနစ်ကနေ ၁၀ မိနစ်ကြားလောက် ထားလိုက်ပါ။


ဂျင်းတွေ ဖယ်လိုက်ပြီး သံပုရာ သီးလေး အနည်းငယ်ညှစ်ပြီး သောက်လိုက်ပါ။


ဟင်းချက်တိုင်းလည်း ဂျင်းကိုထည့်ပြီး ချက်ပြုတ်ပေးပါ။


ဒီလို နည်းလမ်းတွေက ကိုယ်ခံအားကို တက်စေပြီး အဆုတ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။


မှတ်ချက်


သွေးတိုးရှိသူတွေ၊ နှလုံးရောဂါ ရှိသူတွေကတော့ ဂျင်းကို အလွန်အကျွံမစားသင့်ပါဘူး။Credit:Myfoodmyanmar