ဧည့်လမ်းညွှန်တစ်ဦး ကိုရိုနာ ကူးစက်ခံရ

2020-03-28 13:24:46


ဧည့်လမ်းညွှန်တစ်ဦး ကိုရိုနာ ကူးစက်ခံရ

ဧည့်လမ်းညွှန်တစ်ဦး ကိုရိုနာ ကူးစက်ခံရ


ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ရခံသူဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ရှစ်ဦးမြောက်ဟာ ရန်ကုန်ဆေးရုံကြီးမှာ တတ်ရောက်ကုသနေတဲ့ အသက် ၆၀ အရွယ် နိုင်ငံခြားဧည့်လမ်းညွှန် ဖြစ်ပါတယ်။ သူဟာပြည်ပနိုင်ငံတွေကို ခရီးသွားခဲ့ခြင်းမရှိဘဲ မြန်မာနိုင်ငံထဲမှာပဲ နေထိုင်ပြီး ရောဂါကူးစက်ခံရကြောင်း ပထမဆုံးတွေ့ရှိတဲ့ လူနာ ဖြစ်လာပါတယ်။ သူဟာ ပြင်သစ်နိုင်ငံသား ခရီးသွားတွေနဲ့အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ပြီး ဧည့်သည်တွေဆီက ကူးဆက်ခံရတာ ဖြစ်နိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။

မနေ့ညက ကိုရိုနာဗိုင်းရပ်စ်တွေရှိခဲ့တဲ့ ဧည့်လမ်းညွှန်အမျိုးသမီးရဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံမြောက် အရှေ့ရပ်ကွက် ကျောက်ရေတွင်းလမ်းက နေအိမ်ကို ဝင်ထွက်သွားလာခွင့်ပိတ်လိုက်ပြီလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ရှစ်ဦးရှိပြီး စောင့်ကြည်လူနာ ၆၈ ဦးရှိပါတယ်။ ရန်ကုန်တိုင်း အင်းစိန်၊ မင်္ဂလာတောင်ညွန့်နဲ့ ဗဟန်း သုံးမြို့နယ်က နေထိုင်သူ ၁ ဦးစီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် သူတို့နေထိုင်တဲ့ လမ်းတွေ၊ အိမ်တွေကို ဝင်ထွက်သွားလာခွင့်တွေ ပိတ်ထားပါတယ်။


အလားတူ မန္တလေးမြို့မှာ တွေ့ရှိတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရသူကလည်း တောင်ဥက္ကလာပမြို့နယ်မှာ တစ်ရက် တည်းခိုသွားခဲ့တာကြောင့် အဲဒီအိမ်ကိုလည်း ဝင်ထွက်သွားလာခွင့် ပိတ်ထားပါတယ်။ ကိုရိုနာဗိုင်း ရပ်စ် ကူးစက်ခံရကြောင်း မနေ့က တွေ့ရှိသူ သုံးဦးထဲမှာ ကုလသမဂ္ဂ ရုံးဝန်ထမ်းတစ်ဦးလည်း ပါဝင်ပါတယ်။ အဲဒီဝန်ထမ်းဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ နေပြည်တော်ကို မတ်လ ၁၈ ရက်နေ့က ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။


RFA Burmese