အီရန် တွင် မက်သနော(methanol) အရည်သောက်ရင် ဗိုင်းရပ်စ်ပျောက်ဟု ဆိုကာ သောက်ကြရာမှ လူ ၃၀၀ ကျော် သေဆုံး

2020-03-29 00:10:52


အီရန် တွင် မက်သနော(methanol) အရည်သောက်ရင် ဗိုင်းရပ်စ်ပျောက်ဟု ဆိုကာ သောက်ကြရာမှ လူ ၃၀၀ ကျော် သေဆုံး

အီရန် တွင် မက်သနော(methanol) အရည်သောက်ရင် ဗိုင်းရပ်စ်ပျောက်ဟု ဆိုကာ သောက်ကြရာမှ လူ ၃၀၀ ကျော် သေဆုံး


တ ရုတ်နိုင်ငံ ပြင်ပ အရှေ့အလယ်ပိုင်း မှာတော့ အီရန်နိုင်ငံ က ကိုရိုမာ ဗိုင်းရဗ်စ်ရောဂါကူး စက်မူဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတာဖြစ်ပြီး နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ ရောဂါ ကူးစက်ခံရသူ ၃၀၀၀၀ ကျော် နဲ့ သေဆုံးသူ ၂၀၀၀ ကျော်အထိ ရှိနေပြီလို့ရပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံ အတွင်းမှာလဲ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ပတ်သတ်တဲ့ သတင်းအမှားတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်း က အရက်သောက်ရင် ကိုရိုနာ ဗိုင်းရပ်စ်ပျောက်တယ် ဆိုတဲ့ သတင်းတွေ ကို ယုံစားပြီး မှောင်ခိုချက် လုပ်တဲ့ အရက်တုတွေ ကို သောက်မိတဲ့ အတွက် လူသေဆုံးမူတွေဖြစ်ပေါ် ခဲ့ဘူး ပါတယ် ။


အခု တစ်ခါမှာ လဲ မက်သနော ( methanol ) အရည်သောက်ရင် ဗိုင်းရပ်စ်ပျောက်တယ် ဆိုပြီး သောက်ခဲ့ကြတဲ့အတွက် လူ ၃၀၀ ထက်မနည်း သေဆုံးခဲ့ပြီး အခြားလူ ၁၀၀၀ ကျော်လောက်က ဖျားနာကုန်တဲ့ အတွက် ဆေးရုံမှာ ကုသနေရကြောင်း အီရန်ပြည်တွင်း သတင်းမီဒီယာတွေ မှာ ဖော်ပြထားကြပါတယ်။ အခုလို မိုက်ရူးရဲဆန်တဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့နဲ့ သတင်းထုတ်ပြန်ပါတယ်


အီရန်နိုင်ငံ မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် များစွာကလဲ အရက်သောက်ရင် ဗိုင်းရပ်စ် ပျောက်တယ်ဆိုပြီး တရားမဝင်ချက် အရက်တွေသောက်မိ လို့ လူပေါင်း ၄၇ ဦးအထိ သေဆုံးခဲ့ဖူးတာဖြစ်ပြီး အခုဖြစ်ပွားတာက ဒုတိယအကြိမ်ဖြစ် ပါတယ် ။



Ref ; Daily Mail