တောင်ကိုရီးယားရဲ့ Covid-19 စမ်းသပ်ကိရိယာတွေဟာ အမေရိကန်ကိုတင်ပို့ဖို့ အရည်အသွေးမီ…မြန်မာကိုလည်း ရောက်ရှိလာမယ်လို့ သိရ

2020-03-29 11:31:50


တောင်ကိုရီးယားရဲ့ Covid-19 စမ်းသပ်ကိရိယာတွေဟာ အမေရိကန်ကိုတင်ပို့ဖို့ အရည်အသွေးမီ…မြန်မာကိုလည်း ရောက်ရှိလာမယ်လို့ သိရ

တောင်ကိုရီးယားရဲ့ Covid-19 စမ်းသပ်ကိရိယာတွေဟာ အမေရိကန်ကိုတင်ပို့ဖို့ အရည်အသွေးမီ…မြန်မာကိုလည်း ရောက်ရှိလာမယ်လို့ သိရ


မတ်လ ၂၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံအခြေစိုက် Covid-19 စမ်းသပ်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းသုံးခုထံမှ ပစ္စည်းများကို အမေရိကန်နိုင်ငံသို့တင်ပို့ခွင့်ရရှိသွားပြီဖြစ်ပါတယ်။ ဆိုလိုတာကတော့ အမေရိကန် အစားအသောက်နှင့် ဆေးဝါးအဖွဲ့အစည်း FDA မှ ခွင့်ပြုချက်ရရှိသွားတာဖြစ်ပါတယ်။



@CNA

အမေရိကန်ဟာ ယခုဆို ရောဂါပိုးကူးစက်ခံရသူအများဆုံးရှိတဲ့နိုင်ငံဖြစ်နေပြီဆိုတာ သင်သိပြီးသားဖြစ်မှာပါ။ ရောဂါပိုးကို အလျှင်အမြန်စစ်ဆေးနိုင်မှ ရောဂါပိုးကူးစက်ခံရသူကို အချိန်မှီ ထိန်းသိမ်းထားနိုင်မှာဖြစ်ကာ ကူးစက်မှုကို လျော့ချနိုင်မှာလည်းဖြစ်ပါတယ်။ ယခုဆို အမေရိကန်ရဲ့ ရောဂါပိုးကို လျှော့တွက်ခဲ့မှုတွေအတွက် ဝေဖန်ခံနေရပါတယ်။


ယခုအပတ်အစောပိုင်းက တောင်ကိုရီးယား President Moon Jae-In က ဒေါ်နယ်ထရန့် ဟာ တောင်ကိုရီးယားထံမှ Covid-19 စမ်းသပ်ကိရိယာ တောင်းခံမှုရှိခဲ့တယ်လို့ဆိုပေမယ့် အိမ်ဖြူတော်ကတော့ သတင်းကို အတည်မပြုပါဘူး။ တောင်ကိုရီးယားသာ ထောက်ပံ့ပေးပါက တင်သွင်းခွင့်နဲ့ အရည်အသွေးစစ်ဆေးရေးအဆင့်တွေမှာ ကူညီသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ လောလောဆယ်မှာတော့ တောင်ကိုရီးယားစက်ရုံတစ်ခုဟာ တစ်နေ့ကို စမ်းသပ်ကိရိယာပေါင်း ၃၅၀,၀၀၀ ထုတ်လုပ်ပေးနိုင်ပြီး လိုအပ်ချက်အရ နောက်လအတွင်းမှာ တစ်နေ့ကို အခု တစ်သန်းအထိ ထုတ်လုပ်နိုင်ဖို့ အားထုတ်သွားမယ်လို့လည် း ဆိုပါတယ်။



@CNA

တရုတ်နိုင်ငံတွင်းအသည်းအသန်ဖြစ်နေချိန် တောင်ကိုရီးယားဟာလည်း ဘုရားကျောင်း တက်ရောက်သူများနဲ့ပတ်သတ်ပြီး အစပိုင်းမှာ ကူးစက်ခံရသူ တရပ်စပ်ထိုးတက်ခဲ့ပေမယ့် သူတို့ရဲ့ “ နောက်ကြောင်းလိုက်၊ စစ်ဆေး၊ ကုသ ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်းတစ်နိုင်ငံလုံး စည်းစည်းလုံးလုံးဖြင့် တိတိကျကျလိုက်နာဆောင်ရွက်ခဲ့တာကြောင့် တခြားနိုင်ငံတွေထက်စာရင် ရောဂါထိန်းချုပ်မှုမှာ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။


တောင်ကိုရီးယားဟာ ယခုအချိန်အထိ နိုင်ငံအတွင်းရှိ သံသယလူနာ ၃၈၀,၀၀၀ ကို အခမဲ့အချိန်မှီ စစ်ဆေးပေးနိင်ခဲ့လို့ ကူးစက်မှုကို ထိထိရောက်ရောက်တားဆီးနိုင်ခဲ့တယ်လို့ လည်းဆိုနိုင်ပါတယ်။ ရောဂါအဖြေရှာဖို့ လုပ်ငန်းစဉ်ဟာ ခြောက်နာရီကြာမြင့်ပြီး အဖြေကို နေ့မကူးပဲ သ ိနိုင်ပါတယ်။



@CNA

တောင်ကိုရီးယားနိုင်ငံတွင်းကူးစက်ခံရသူ ၉၄၇၈ ရဲ့ ထက်ဝက်ဟာ ရောဂါမှ ပြန်လည်သက်သာလာပြီးလည်းဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ တာဝန်သိသိ အသွားအလာဆင်ခြင်မှု၊ တစ်ဦးဦး နှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြခြင်း အပြင် ဆေးဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပါလို့ အစိုးရက ထုတ်ပြန်ပါတယ်။


Writer- ZWP

Source- CNA