ကိုရိုနာဗိုင်းရပ်ကူးဆက်မှုမှကာကွယ်နိုင်သော သယ်ဆောင်၍ရတဲ့ ပုခက်အိမ်အားတီထွင်လိုက်တဲ့ ဉာဏ်ကြီးရှင်ဖခင်

2020-03-29 18:36:37


ကိုရိုနာဗိုင်းရပ်ကူးဆက်မှုမှကာကွယ်နိုင်သော သယ်ဆောင်၍ရတဲ့ ပုခက်အိမ်အားတီထွင်လိုက်တဲ့ ဉာဏ်ကြီးရှင်ဖခင်

ကိုရိုနာဗိုင်းရပ်ကူးဆက်မှုမှကာကွယ်နိုင်သော သယ်ဆောင်၍ရတဲ့ ပုခက်အိမ်အားတီထွင်လိုက်တဲ့ ဉာဏ်ကြီးရှင်ဖခင်


 ကမ္ဘာတစ်ဝန်းမှာတော့ ယခုကိုရိုနာဗိုင်းရပ်ဟာလျင်မြန်စွာပျံနှံလျက်ရှိနေတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့သိကြတဲ့အတိုင်းဆေးပညာရှင်များသိပ္ပံပညာရှင်များကလည်း သူတို့ရဲ့ စွမ်းရည်ဉာဏ်ရည်တွေကိုအသုံးချကာရောဂါဖြစ်ပွားမှုကို ကုသနိုင်ရန်နှင့် ရောဂါပျံနှံမှုကိုထိန်းချုပ်ရန်နည်းလမ်းတွေကိုရှာဖွေနေကြပါတယ်။


တရုတ်နိုင်ငံမှဖခင်တစ်ဦးကတော့ မိမိရဲ့ရင်သွေးအတွက် ကိုရိုနာရောဂါကူးစက်မှုမှကာကွယ်နိုင်သော သယ်ဆောင်ရလွယ်ကူတဲ့ ပုခက်အိမ်ကိုတီထွင်လိုက်တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာလူအများရဲ့ စိတ်ဝင်စားမှုကိုခံနေရတာလည်းဖြစ်ပါတယ်။


ထိုအမျိုးသားရဲ့ အမည်ကတော့Cao Junjie ဖြစ်ပြီး Bai Ying လို့လည်းသူသိများကြပါတယ်။သူဟာသူ့၏ကလေးငယ်အိမ်စက်နေတဲ့အချိန်တွေမှာ ကိုရိုနာဗိုင်းရပ် ကူးစက်မှုရန်မှကာကွယ်နိုင်တဲ့ ပုခက်အိမ်ကိုတီထွင်ခဲ့တာဖြစ်ပြီး စက်နဲ့ပက်သက်ပြီးပြောကြားမှုအရ ပုခက်အတွင်းသို့သန့်စင်တဲ့လေကိုစစ်ထုတ်ပေးနိုင်တဲ့ စနစ်တစ်ခုနဲ့ ကလေးကိုထိတွေ့မှုမရှိဘဲကိုင်တွယ်လို့ရတဲ့ လက်အိတ်တစ်စုံကိုပါထည့်သွင်းတပ်ဆင်ထားတာလည်းဖြစ်ပါတယ်။


မီဒီယာတွေနဲ့ အင်တာဗျုးတစ်ခုမှာတော့ ထိုအသက် ၃၀ အရွယ် ဖခင်ဟာသူရဲ့ တီထွင်မှုကို မျှဝေဖို့ ရှန်ဟိုင်းကလာခဲ့တာပါ၊ဘာကြောင့်လဲဆိုတော့ ကလေးငယ်များဟာ အားနည်းလှတဲ့ အသက်ရှုစနစ်ရှိပြီးတော့ သူတို့တွေဟာ လူကြီးတွေကဲ့သို့ Mask မဝတ်ဆင်နိုင်တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။


သူ့တီထွင်မှုဟာ အင်တာနက်အသုံးပြုသူများအကြား များစွာချီးမွှမ်းခြင်းခံရပြီး အချို့ကလည်း သူ့ဆီမှထိုစက်ကိုပြန်လည်ဝယ်ယူဖို့စိတ်ဝင်စားနေကြောင်းသိရပါတယ်။ထိုအမျိုးသားကတော့ ဒီလိုစက်မျိုးကိုများစွာထုတ်လုပ်နိုင်ဖို့ကုမ္ဗဏီနဲ့လည်းစကားပြောဆိုပြီးပြီဖြစ်ကြောင်းသိရပါတယ်။ထိုသို့ပြုလုပ်ရတဲ့ သူ့ရဲ့ ဆန္ဒကတော့ သူ့နာမည်ကျော်ကြားစေရန်လုပ်ခြင်းမျိုးမဟုတ်ဘဲ သူ့ရဲ့ ဒီဇိုင်းနဲ့ ထုတ်ကုန်ဟာလူအများကိုအကျိုးပြုတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။