ကိုရိုနာကြောင့်လူတွေအိမ်အပြင်မထွက်ရဘူးဆိုလို့ခွေးကိုမုန့်ဝယ်ခိုင်းခဲ့တဲ့အမျိုးသား

2020-03-29 18:39:15


ကိုရိုနာကြောင့်လူတွေအိမ်အပြင်မထွက်ရဘူးဆိုလို့ခွေးကိုမုန့်ဝယ်ခိုင်းခဲ့တဲ့အမျိုးသား

ကိုရိုနာကြောင့်လူတွေအိမ်အပြင်မထွက်ရဘူးဆိုလို့ခွေးကိုမုန့်ဝယ်ခိုင်းခဲ့တဲ့အမျိုးသား


ယခုကာလကတော့ ကမ္ဘာပေါ်မှာအခက်ခဲဆုံးအနေထားတစ်ခုကိုဖြတ်သန်းနေတဲ့ ကာလတစ်ခုလို့ဆိုရမှာဖြစ်ပြီး ဆရာဝန် များနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်အလျင်အမြန်ပြန့်နှံ့နေမှုကိုထိန်းချုပ်ဖို့ကြိုးစားနေကြတာပါ။တစ်ခုနဲ့တစ်ဦး ၃ပေအကွာမှာနေကြရန်နှင့်မိမိအိမ်တွင်းမှာသာနေထိုင်ကြပြီး မည်သည့်နေရာကိုမှခရီးမထွက်ကြဖို့ကို နိုင်ငံအများစုကသတ်မှတ်ထားကြတာပါ။လူတွေကလည်း သူတို့ရဲ့ နေစဉ်ဘဝကိုပုံမှန်အတိုင်းပြန်လည်ဖြတ်သန်းနိုင်ဖို့အတွက် နည်းလမ်းများစွာရှာဖွေကြိုးစားနေကြတာပါ။


သင့်အနေနဲ့ ကိုရိုနာစောင့်ကြည့်လူနာဖြစ်နေခဲ့ပါကအိမ်နေချင်းတွေကလည်းသင့်ကိုလုံခြုံမှုတွေရအောင်များစွာကူညီပေးနိုင်သော်လည်းစတိုးဆိုင်ကိုသွားပြီး Cheetos ဝယ်ကာသင့်ကိုလာပို့ဖို့ကတော့ မလွယ်ကူပါဘူး။ရောဂါပျံနှံနိုင်ဖို့ Risk အများကြီးဖြစ်လာမှာပါ။သိုပေမယ့် မက်ဆီကန်အမျိုးသားတစ်ဦးကတော့ ဒီပြဿနာကိုကျော်လွှားနိုင်ဖို့နည်းလမ်းတစ်ခုကိုတွေ့ခဲ့ပါတယ်။သူ့အနေနဲ့သူ့ရဲ့ခွေးကို စတိုးဆိုင်သို့စေလွတ်ကာ Cheetos ဝယ်ခိုင်းခဲ့ပြီး သူ့အပြင်ထွက်မဝယ်နိုင်ပေမယ့် စိတ်ကျေနပ်မှုများစွာရခဲ့တယ်လို့ဆိုပါတယ်။


Antonio Muñoz လို့အမည်ရတဲ့ ထိုအမျိုးသားဟာသူ့ခွေးလေးရဲ့ကျောဘက်မှာစာတစ်စောင်နဲ့ ငွေအနည်းငယ်ထည့်ပေးကာ Cheetos ဝယ်ဖို့အတွက် စတိုးဆိုင်ကိုလွှတ်လိုက်ပါတယ်။ဒီစာထဲမှာတော့ စပိန်လိုရေးထားကာဘာသာပြန်တဲ့အခါမှာတော့ “ဟဲလို ဈေးဆိုင်ပိုင်ရှင်ခင်ဗျာ၊ကျွန်တော့်ခွေးလေးကိုကျေးဇူးပြု၌ Cheetos အနည်းငယ်ရောင်းပေးပါ၊လိမ္မာ်အမျိုးအစားလေးပေးလိုက်ပါ အနီမပေးလိုက်ပါနဲ့ အနီကအရမ်းပူလို့ပါ၊အဲဒီစာရဲ့အောက်မှာ ဒေါ်လာ၂၀ ပါထည့်ပေးလိုက်ပါတယ်။သတိပြုစရာ- သင့်အရှေ့ကမိတ်ဆွေကိုကောင်းကောင်းမဆက်ဆံပါကသူကိုက်ပါလိမ့်မယ်”လို့ရေးထားတာတွေ့ရပါတယ်။


လူတွေဟာ သီးခြားခွဲခံရတဲ့ အခါဦးနှောက်မှ အကြံဉာဏ်ကောင်းတွေပေါ်လာတာကိုတွေ့ရပါတယ်။အစောပိုင်းတုန်းက ဆိုက်ပရပ်နိုင်ငံမှ Self –isolation လုပ်ခံရသူတစ်ဦးမှာလည်း ဒရုန်းကိုသုံးပြီး သူခွေးနဲ့ အတူလမ်းလျောက်ထွက်ခဲ့ပါတယ်။