ရန်ကုန်မြို့အား Lock Down လုပ်ရန် အစီအစဥ် မရှိကြောင်း တိုင်းအစိုးရပြော

2020-03-30 09:46:38


ရန်ကုန်မြို့အား Lock Down လုပ်ရန် အစီအစဥ် မရှိကြောင်း တိုင်းအစိုးရပြော

ရန်ကုန်မြို့အား Lock Down လုပ်ရန် အစီအစဥ် မရှိကြောင်း တိုင်းအစိုးရပြော


ရန်ကုန်မြို့အား Lock Down လုပ်ရန် အစီအစဥ် မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ပြောကြားသည်။

“လက်ရှိ အနေအထားအရ Lock Down လုပ်ဖို့ အစီအစဥ် မရှိဘူး။ စျေးဆိုင်တွေလည်း ပိတ်ဖို့ အစီအစဥ် မရှိဘူး။ မန္တလေးမှာ ပိတ်တာ ရှိတယ်၊ နေပြည်တော်မှာ ပိတ်တာ ရှိတယ်။ ရန်ကုန်မှာကျတော့ မြို့ကလည်း ကြီ:တယ်။ စက်ရုံတွေ ရှိတယ်။ စက်ရုံ လုပ်သားက ခြောက်သိန်းခွဲရှိတယ်။ ဒီအလုပ်သမားတွေ အတွက် စဥ်းစားတဲ့ အခါကျတော့ လုပ်ဖို့ မလိုဘူးလို့ ဝန်ကြီးချုပ်က သုံးသပ်ပါတယ်” ဟု ဦးမိုးဟိန်းက ပြောဆိုသည်။

ဆိုင်များ အနေဖြင့် ပါဆယ်သာ ရောင်းချရန် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မေတ္တာရပ်ခံ ထားခြင်းသာ ရှိပြီ: ဆိုင်ပိတ်ရမည်ဟု အမိန့်ထုတ်ပြန်ထားခြင်း မရှိကြောင်း ယင်းက ဆက်လက် ပြေဆိုသည်။

ကုန်စျေးနှုန်းနှင့် ပတ်သက်၍ ကုန်သည်ကြီးများအသင်းမှ ဝိုင်းဝန်း ထိန်းချုပ်ကြမည် ဖြစ်သဖြင့် ဆိုးရွားသည့် အခြေအနေမျိုး မဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောဆိုထားသည်။

သတင်း-Peacock

Photo-PMT