လက်ဆေးဖို့ အိမ်ထဲမှာနေဖို့အပြင် အိမ်လာလည်တဲ့သူတွေကိုလည်း အားမနာသင့်ကြောင်းပြောလိုက်တဲ့ ထက်ထက်ထွန်း

2020-03-30 09:52:48


လက်ဆေးဖို့ အိမ်ထဲမှာနေဖို့အပြင် အိမ်လာလည်တဲ့သူတွေကိုလည်း အားမနာသင့်ကြောင်းပြောလိုက်တဲ့ ထက်ထက်ထွန်း

လက်ဆေးဖို့ အိမ်ထဲမှာနေဖို့အပြင် အိမ်လာလည်တဲ့သူတွေကိုလည်း အားမနာသင့်ကြောင်းပြောလိုက်တဲ့ ထက်ထက်ထွန်း


ထက်ထက်ထွန်းကိုတော့ မြန်မာ့ကိုယ်စားပြုအလှမယ်အနေနဲ့သိကြမှာပါ။လက်ရှိအချိန်မှာတော့ အနုပညာလောကမှာ မော်ဒယ်လ်၊သရုပ်ဆောင်အနေနဲ့ ရပ်တည်နေတာပါ။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်လာသလို အကြင်နာမြစ်ဖျား တို့လို ရုပ်သံဇာတ်လမ်းတွဲတွေအထိပါ ပါဝင်လာတာကိုတွေ့ရမှာပါ။


ထက်ထက်ထွန်းကတော့ လတ်တလောဖြစ်ပွားမှုများနေတဲ့ ကိုရိုနာဗိုင်းရပ်စပ်ပျံ့နှံ့မှုကြော်င့ နေအိမ်တွေမှာ နေသင့်တဲ့အကြောင်းနဲ့အိမ်လာလည်တဲ့သူတွေကို လက်မခံဖို့ပြောလိုက်ပါတယ်။သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီလိုအခြေအနေမျိုးမှာ လက်ဆေးဖို့ နဲ့ အိမ်ထဲမှာနေဖို့အပြင် အရေးကြီးတာတစ်ခုရှိပါသေးတယ်…အဲ့ဒါကတော့ … အားမနာဖို့ရယ် အလိုက်သိဖို့ရယ်ပါ။Stay Home နေနေတဲ့အိမ်ကိုလာလည်တဲ့ ဧည့်သည်တွေကို အိမ်ရှင်တွေက အားမနာပါနဲ့ …ကောင်းကောင်းပြောမရရင် မောင်းထုတ်ပါ ။အိမ်လည်ဝါသနာပါတဲ့သူတွေလည်း အလိုက်သိပါနော်။ကောင်းကောင်းပြောမရဘဲ အလိုက်မသိရင် မောင်းထုတ်ရပါမယ်ရှင့် … ကျေးဇူး” လို့ ပြတ်ပြတ်သားသားရေးထားတာပါ။


တစ်ကမ္ဘာလုံးပျံ့နှံနေတဲ့ဒီဗိုင်းရပ်စ်ကိုတော့ လူတွေကကြောက်ရွံ့နေကြတာပါ။တတ်နိုင်သလောက် အိမ်ထဲမှာနေပြီးတာ့လည်း ရောဂါဖြစ်ပွားမှုကိုပိုမဆိုးလာအောင်ကူညီနေကြတာပါ။ထက်ထက်ထွန်းကတော့ အိမ်မှာနေတဲ့အပြင် အိမ်လာလည်တဲ့သူတွေကိုပါ လက်မခံသင့်ဘူးလို့ပြောလိုက်ပါပြီနော်…

Source:HtetHtetHtun