၁၄ ရက်စောင့်ကြည့်စစ်​ဆေး​ခံ​နေသူ ၁ ဦး မူးယစ်ရမ်းကားနေသဖြင့် ဖမ်းဆီး

2020-03-30 21:30:09


၁၄ ရက်စောင့်ကြည့်စစ်​ဆေး​ခံ​နေသူ ၁ ဦး မူးယစ်ရမ်းကားနေသဖြင့် ဖမ်းဆီး

၁၄ ရက်စောင့်ကြည့်စစ်​ဆေး​ခံ​နေသူ ၁ ဦး မူးယစ်ရမ်းကားနေသဖြင့် ဖမ်းဆီး


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာ အ.လ.က ခွဲ ကျောင်း စောင့်​ကြည့်ရေးစင်တာမှာ အသွားအလာကန့်သတ်စောင့်ကြပ်ခံနေရသူ တဦး အရက်သေစာ သောက်စားပြီး စည်းကမ်းဖောက်ဖျက်တာကြောင့် ဖမ်းဆီးခဲ့ရတယ်လို့ မြို့မစခန်းက ပြောပါတယ်။ မူးယစ်ရမ်းကားသူ ​ဇော်ဝင်းသိန်းဟာ ​မတ်လ ၂၅ ရက်​က ​မြဝတီ​မြို့ကနေ ရေဖြူကန်ကျေးရွာကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျောင်းစင်တာမှာ ၁၄ ရက် စောင့်ကြည့်နေချိန် ဒီနေ့မနက် အရက်သေစာသောက်စားပြီး လျှောက်သွားနေခဲ့တယ်လို့ ဆိုပါတယ်။

ဒုရဲမှူး​ဌေးဝင်းကို ကျေးရွာကလှမ်းပြီး သတင်းပေးလို့ မြို့နယ်မှူးအပါအဝင်ရဲတပ်ဖွဲ့ဝင်တွေ အုပ်ချုပ်​ရေးမှူးတွေနဲ့ သွားရောက်​ပြီးဖမ်းဆီးခဲ့တာပါ။ ရေဖြူကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက “အရင်ရက်တွေက နေအိမ်မှာ စောင့်ကြည့်ထားပေမယ့် မတ်လ ၂၉ ရက်နေ့မှာ စာသင်ကျောင်း စောင့်ကြည့်ရေးစင်တာ စဖွင့်တာကြောင့် စင်တာကို ပြောင်းရွှေ့စောင့်ကြည့်နေတုန်းမှာ အရက်သောက်ပြီး တရွာလုံး လျှောက်သွားနေတာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာ”လို့ ပြောပါတယ်။


သူ့ကို ရွာမှာ လုံးဝထားလို့မရတော့ကြောင်းနဲ့ ရွာထဲလျှောက်သွားနေပြီး အရက်က ဘယ်ကရ​ပြီး ဘယ်သူလာပို့တယ်ဆိုတာလည်း မေးလို့မရဘူး ဖြစ်နေတယ်လို့လည်း ရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ စောင့်ကြည့်ရေးစင်တာမှာမနေဘဲ စည်းကမ်းဖောက်ဖျက်ပြီး အရက်သေစာသောက်စားသူ ဇော်ဝင်းသိန်းကို ညောင်လေးပင် မြို့မရဲစခန်းက ဥပ​ဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။


DVB TV News