ယူကေအတွက် အရေးကြီးချိန်မှာ၊ အငြိမ်းစားယူထားတဲ့ ဆေးဝန်ထမ်းတွေ အလုပ်ခွင်ပြန်ဝင်

2020-03-30 22:14:28


ယူကေအတွက် အရေးကြီးချိန်မှာ၊ အငြိမ်းစားယူထားတဲ့ ဆေးဝန်ထမ်းတွေ အလုပ်ခွင်ပြန်ဝင်

ယူကေအတွက် အရေးကြီးချိန်မှာ၊ အငြိမ်းစားယူထားတဲ့ ဆေးဝန်ထမ်းတွေ အလုပ်ခွင်ပြန်ဝင်


ကိုဗစ်-၁၉ဒဏ်ကို အလူးအလံခံနေရတဲ့ ယူကေအဖို့ အလွန်အရေးကြီးနေချိန်မှာ ဆေးဘက်ဆိုင်ရာကနေ အငြိမ်းစားယူထားတဲ့ ဒေါက်တာတွေ၊ သူနာပြုတွေဟာ ၎င်းတို့ကျွမ်းကျင်တဲ့ နယ်ပယ်အတွင်းကို ပြန်လည်ဝင်ရောက်ပြီး၊ နိုင်ငံအတွက် အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း သိရပါတယ်။ အခုဆိုရင် အငြိမ်းစားယူထားသူ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေဟာ အလုပ်ခွင်ကို စေတနာ့ဝန်ထမ်းသဘောမျိုးနဲ့ ပြန်လည်ဝင်ရောက်နေကြရာ အရေအတွက်အားဖြင့် (၂၀၀၀၀)ကျော်ကို ရောက်သွားပါပြီ။ ဒါဟာ ယူကေအတွက်တော့ အလွန် အားကိုးလောက်ဖွယ် အနေအထားပါ။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်စ်ဂျွန်ဆင်ကိုယ်တိုင် ကိုဗစ်-၁၉ ကူးစက်ခံထားရချိန်၊ သူကိုယ်တိုင်လည်း လောလောဆယ် Self-isolating နေနေရပါတယ်။ သူဟာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် လူမှုအဖွဲ့အစည်းတိုင်းက အခုအရေးမှာ တက်တက်ကြွကြွရှိနေလို့ ဂုဏ်ပြုပါကြောင်း ကြေညာခဲ့ပါတယ်။



သူ ကျေးဇူးတင်ဂုဏ်ပြုတဲ့အထဲမှာ အခု အလုပ်ခွင်ကို ပြန်လည်ဝင်ရောက်ပေးကြတဲ့ အငြိမ်းစားယူထားတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းဟောင်းတွေလည်း ပါဝင်ခဲ့ပြီး၊ အရပ်သားစေတနာ့ဝန်ထမ်းအရေအတွက်ကတော့ (၇၅၀၀၀၀)အထိ ရှိသွားပြီမို့ ယူကေရဲ့ ညီညွှတ်မှုက အလွန်လေးစားဂုဏ်ယူစရာပါ။

ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်က တွစ်တာမှာ ” အခုအချိန်မှာ အိမ်တွင်းပုန်းကြတဲ့ လူတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် … ရောဂါပိုး ပျံ့နှံ့ကူးစက်မှုကို နှောင့်နှေးစေခြင်းအားဖြင့် NHS ရဲ့ဖိအားတွေကို ကျွန်တော်တို့ လျှော့ချပေးနိုင်ပါတယ် … ဒီနည်းအားဖြင့် အသက်ထောင်ပေါင်းများစွာကို ကယ်တယ်နိုင်မယ်လို့ မျှော်လင့်ရပါတယ် “လို့ ပြောခဲ့ပါတယ်။ နောက်ဆုံးသတင်း ထုတ်ပြန်မှုအရ ယူကေမှာ (၁၉၅၆၉)ဦးအထိ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပါတယ်။ သေဆုံးသူမှာ (၁၂၂၈)ဦးအထိ ရှိပြီဖြစ်ပြီး၊ ပြန်လည်ကောင်းမွန်လာခဲ့သူမှာ (၁၄၀)ဦးသာ ရှိပါသေးတယ်။ ကိုဗစ်-၁၉ပပျောက်ဖို့ တိုက်ပွဲဝင်ချိန်ဟာ ပြည်သူလူထုမပါရင် ထင်ထားတာထက် ပိုကြာနိုင်ပါတယ်။


MSN

လင်းဇော်ကို (D Nae Khit)