ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရဲအရာရှိ (၂၇) ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

2020-03-30 22:17:36


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရဲအရာရှိ (၂၇) ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ရဲအရာရှိ (၂၇) ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရဲတပ်ဖွဲ့မှ ရဲအရာရှိ (၂၇) ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး အခြားတပ်ဖွဲ့ဝင် ၃၂၆ ဦးကို အသွားအလာကန့်သတ်ထားကာ ဆေးစစ်ချက်ရလဒ်ကို စောင့်ကြည့်နေကြောင်း ဘန်ကောက်ရဲတပ်ဖွဲ့အကြီးအကဲ ဒုရဲဗိုလ်ချုပ်ကြီးပက်ကာပွန်က ယနေ့ (မတ် ၃၀ ရက်) တွင်ပြောသည်။


ဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ရဲအရာရှိများကို အုပ်စုနှစ်ခုခွဲထားပြီး တာဝန်ဖြင့် စပိန်နိုင်ငံမှပြန်လာသူများနှင့် ဗိုင်းရပ်စ် အဓိကပျံ့နှံ့ခဲ့ရာနေရာနှစ်ခုဖြစ်သည့် လုမ္ဗနီလက်ဝှေ့ပွဲနှင့် ထောင်လာဖျော်ဖြေရေးနေရာများသို့ သွားရောက်ခဲ့သည့်အုပ်စုတို့ ဖြစ်သည်။


၎င်းတို့အနက်မှ တစ်ဦးမှာ တလင်ချန်းခရိုင်မှ ယာဉ်ထိန်းတပ်ဖွဲ့ရဲမှူးဖြစ်ပြီး ၎င်းနှင့်ထိတွေ့ခဲ့သူများကို အသွားအလာကန့်သတ်ထားပြီးဖြစ်ကြောင်း ဒုရဲဗိုလ်ချုပ်ကြီးပက်ကာပွန်က ပြောသည်။




ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရဲအရာရှိတွင် မည်ကဲ့သို့ ကူးစက်ခံခဲ့ရသည်ကို စုံစမ်းနေပြီး ၎င်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးရာနေရာများ၌ တာဝန်ယူထားခြင်းမရှိကြောင်း ဒုရဲဗိုလ်ချုပ်ကြီးပက်ကာပွန်က အခိုင်အမာပြောဆိုသည်။


“ယာဉ်ထိန်းရဲတွေကို စစ်‌ဆေးရေးဂိတ်တွေမှာ တာဝန်ချထားတာမရှိသေးပါဘူး” ဟု၎င်းကပြောသည်။


ထိုင်းနိုင်ငံတွင် ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၉ ဦးသေဆုံးပြီး ၁၅၂၄ ဦးကူးစက်ခံထားရသည်။


နေသွေးဈာန် (TSTD)

Ref – Bangkok Post