ကျန်းမာရေးဝန်ထမ်းတစ်ချို့ရဲ့ နေထိုင်ရေးနဲ့ စားသောက်ရေးကိုပါ ဧရာဝတီဖောင်ဒေးရှင်း တာဝန်ယူပေးနေ

2020-03-30 22:58:17


ကျန်းမာရေးဝန်ထမ်းတစ်ချို့ရဲ့ နေထိုင်ရေးနဲ့ စားသောက်ရေးကိုပါ ဧရာဝတီဖောင်ဒေးရှင်း တာဝန်ယူပေးနေ

ကျန်းမာရေးဝန်ထမ်းတစ်ချို့ရဲ့ နေထိုင်ရေးနဲ့ စားသောက်ရေးကိုပါ ဧရာဝတီဖောင်ဒေးရှင်း တာဝန်ယူပေးနေ


လက်ရှိ မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ Covid19 အန္တရာယ်ကိုတော့ အားလုံးအတူတူ လက်တွဲ ကျော်ဖြတ် နေပါတယ်။အဖွဲ့အစည်းတွေ၊တစ်ဦး ချင်း၊လူ အများစုပေါင်းပြီး ကိုယ်တတ်နိုင်သ လောက် Covid19  ကာကွယ်ကုသ ရေး လုပ်ငန်း တွေမှာ ပါဝင် ပေးနေကြပါတယ်။ဒါပေမယ့်လည်း လက်ရှိ ရင်ဆိုင်နေရတဲ့ အ နေ အထား မှာတော့  နောက်ထပ် လှူဒါန်း ပါဝင်ကူညီပေးမယ့် လူတွေ အများကြီးလိုအပ် နေပါတယ်။အကူအညီ လိုအပ်နေသူ ဦးရေက အရမ်း များ နေပြီး အလှူရှင်၊ကူညီပေးမယ့်လူ ဦးရေ နဲ့ ကတော့ ဝန်နဲ့ အား မမျှ သလို ဖြစ်နေပါတယ်။တက်နိုင် သ လောက် ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေထဲမှာတော့ ဧရာဝတီဖောင်ဒေးရှင်း  က တစ်ခု အပါအဝင်ပါ။


လက် တ လောမှာတော့ ဧရာဝတီဖောင်ဒေးရှင်း က ကြိုးကြိုးစားစားကူညီ ပေးနေပါတယ်။စောင့်ကြည့်လူနာ တွေ ထား ရှိဖို့ အတွက် နေရာ ထိုင်ခင်း တွေ ကို ပြင်ဆင် ပေးခဲ့ပါတယ်။AYA သင်တန်း ကျောင်း၊မြန်မာ့လက်ရွေးစင် အသင်းများ အဆောင်၊အမျိုးသား ဘောလုံး အကယ်ဒမီ တို့ မှာ နေရာ ထိုင်ခင်း စီစဉ် ပေးထားပါတယ်။ဒါ့အပြင် စောင့် ကြည့်ခံ  လူနာ (၆၀၀) ကျော်ရဲ့ နေ့စဉ် အစား အ သောက် အတွက်ပါ ကူညီ စီစဉ် ထားပါတယ်။ဒါတင်မကပဲ ကျန်းမာရေး ဝန်ထမ်းတွေ အတွက် ပါ နေရာထိုင်ခင်းနဲ့ အသွားအပြန် ဖယ်ရီ၊ စားသောက်ဖို့ အတွက်ပါ စီစဉ် ပေးထားပါတယ်။