We Love တွေနဲ့ ပေါင်းပြီး Covid-19 ကာကွယ်ကုသရေးအတွက် လှူဒါန်းမယ့် အေးမြဖြူ

2020-03-30 23:01:35


We Love တွေနဲ့ ပေါင်းပြီး Covid-19 ကာကွယ်ကုသရေးအတွက် လှူဒါန်းမယ့် အေးမြဖြူ

We Love တွေနဲ့ ပေါင်းပြီး Covid-19 ကာကွယ်ကုသရေးအတွက် လှူဒါန်းမယ့် အေးမြဖြူ


အေးမြဖြူ ကတော့ ကလေးဘဝတည်းက ပရိသတ်တွေ နဲ့ ရင်းနှီးပြီးသား အနုပညာရှင် ပေါက်စ လေးပါ။ကလေး သရုပ်ဆောင် အဖြစ် ဇာတ်ကားတွေ မှာ ပါဝင် သရုပ်ဆောင်ဖူးသလို ငယ်ငယ်တည်းက ဆိုက ရေးတီး ပြိုင်ပွဲတွေမှာ ဝင်  ရောက်ယှဉ်ပြိုင်ပြီး ဆုတွေ လည်း ရထားသူပါ။အေးမြဖြူ ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲမှာ  Winner ဆုနဲ့ လွဲ ခဲ့ပေမယ့် ပရိသတ်တွေ ရဲ့ အားပေး ထောက်ခံ မှုကို တော့ အပြည့် အ၀ ကို ရထားသူပါ။


ပရိသတ်တွေရဲ့ အချစ် တော်လေး ကတော့ အခုဆိုရင် Covid-19 ရောဂါ ကာကွယ်ကုသ ရေး အတွက် လှူဒါန်းမှု တွေ လုပ်ဖို့ စီစဉ် နေပါတယ်။သူမကို ချစ်ခင်အားပေးကြတဲ့ We Love တွေနဲ့ အတူ ပေါင်းပြီး လှူဒါန်းသွား မှာပါ။ သူမရဲ့ Fb မှာတော့ အလှူခံထားတဲ့ Post တင်ထားပါတယ်။အေးမြဖြူကတော့ တစ်သန်း မ တည် လှူဒါန်းထားပါတယ်။


“ဒါက သမီးနဲ့ သမီးရဲ့ မိုးစက်လေးတွေစုပြီး covid-19 အတွက် ရန်ကုန်ဆေးရုံကြီးရဲ့လိုအပ်တဲ့နေရာမှာလှူဖို့လုပ်ထားတာပါ  ဒီလကုန်နောက်ဆုံးထားပြီးလှူမှာမို့လို့ မိုးစက်လေးတွေအားလုံးပါဝင်လှူဒါန်းလို့ရသေးပါတယ်ရှင့်နောက်ဆုံးပုံမှာလွှဲရမယ့်ဖုန်းနဲ့ bank accပါရှင်…” 


ဆိုပြီး အေးမြဖြူရဲ့ Fb မှာ တင်ထားပါတယ်။လက် တလောမှာတော့ ရလာတဲ့ အလှူငွေ ထဲကမှ (၁၀)သိန်းကို ဒီက နေ့မှာ သွားရောက်လှူဒါန်းထားပါတယ်။



Source:Fb/Aye Mya Phyu