(၁၄)နှစ်ကောင်လေးရဲ့ အသည်းပန်းကို၊ ဦးဦးဖျားဖျား ခူးယူပန်ဆင်လိုက်တဲ့ အမျိုးသမီး

2020-03-30 23:09:23


(၁၄)နှစ်ကောင်လေးရဲ့ အသည်းပန်းကို၊ ဦးဦးဖျားဖျား ခူးယူပန်ဆင်လိုက်တဲ့ အမျိုးသမီး

(၁၄)နှစ်ကောင်လေးရဲ့ အသည်းပန်းကို၊ ဦးဦးဖျားဖျား ခူးယူပန်ဆင်လိုက်တဲ့ အမျိုးသမီး


လက်တလော လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ Facebook ပို့စ်တစ်ခုကတော့ အသက်(၁၄)နှစ်အရွယ် ကောင်လေးနဲ့ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတို့ရဲ့ ထိမ်းမြားမင်္ဂလာ ပြုနေတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်ကိုတော့ FA တွေ Single တွေ မနာလိုဖြစ်ခဲ့ရတဲ့ မင်္ဂလာဆောင်လို့ မူလသတင်းမှာ ရေးထားပါတယ်။


ကမ္ဘောဒီၤးယားနိုင်ငံက အမျိုးသမီးတစ်ယောက်က ဒီမင်္ဂလာဆောင်ရဲ့ ဓာတ်ပုံတွေကို မျှဝေလိုက်တာပါ။ မူလုပို့စ်တင်တဲ့သူ Mãĸ Õřñ  ရေးထားတဲ့ စာကို ရိပ်ဖမ်းသံဖမ်း ဘာသာပြန်ရရင် “ ၉-၁၁-၂၀၁၉ ရက်ကလေးဟာ တူနဲ့ တူမလေးတို့အတွက် ထူးခြားတဲ့ နေ့ပါ … ထာဝရပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် … ”


“ဆံဖြူသွားကြွေတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပါ … အန်တီကတော့ သမီးရဲ့ မင်္ဂလာဆောင်လေးကို မလာနိုင်ဘဲ အဝေးကို ရောက်နေတာ နားလည်ပေးပါ … အသက်(၁၄)နှစ်အရွယ် ငယ်ရွယ်တဲ့ ခင်ပွန်းကို ဂရုစိုက်ပါ ”လို့ အနီးစပ်ဆုံး ဘာသာပြန်လို့ ရပါတယ်။ ပို့စ်တင်တဲ့သူကတော့ မင်္ဂလာဆောင်သူနှစ်ဦးနဲ့ ဆွေမျိူးနီးစပ် ဖြစ်ပုံရပါတယ်။


သတင်းအရ ကောင်လေးဟာ အခုမှ အလယ်တန်းကျောင်းသား ဘဝပဲ ရှိပါသေးသတဲ့။ ဒါပေမယ့် အသက်အရွယ်တွေ အချိန်အခါတွေဟာ သူတို့ရဲ့ နီးစပ်မှုကို မရပ်နိုင်ခဲ့ကြပါဘူး။ သတို့သားသတို့သမီးနာမည်ကိုတော့ ပို့စ်ထဲမှာရော၊ ပြန်လည်ရေးသားတဲ့ သတင်းထဲမှာ မတွေ့ရပါဘူး။


အဲဒီပို့စ်ဟာ ပြန်လည်မျှဝေသူ (၄၂၀၀)အထိ ရှိခဲ့ပြီး၊ Like ပြုလုပ်သူ (၁၀၀၀)နဲ့၊ မှတ်ချက်ရေးသူ (၂၂၅)အထိ ရှိခဲ့ပါတယ်။ မှတ်ချက်ရေးသူတစ်ဦးကတော့ “အသက်တွေက ငယ်ကြပေမယ့် အနာဂတ်ကိုပဲ ကြည့်ကြပါ … တစ်ယောက်ကိုတစ်ယောက် ချစ်ခင် ကြင်နာနေရင် သူတို့ဟာ ပျော်ရွှင်စွာ ရင့်ကျက်လာကြမှာ ဖြစ်ပါတယ်”လို့ ရေးခဲ့ပါတယ်။


ဒါပေမယ့် တစ်ချို့ကလည်း မကောင်းမြင်တဲ့စိတ်က ပိုများနေပြီး၊ ဒါဟာ အသက်မပြည့်သေးတဲ့ကလေးကို လက်ထပ်တာဖြစ်လို့ တရားဥပဒေ ချိုးဖောက်ခြင်းလို့ ဆိုကြပါတယ်။ တစ်ချို့ကလည်း ကောင်လေးအနေနဲ့ အချစ်အတွက် မင်္ဂဆောင်ဖို့ အလွန်စောသေးတဲ့အချိန်ဖြစ်ကြောင်း၊ ပြင်ပ အတွေ့အကြုံမရှိဘဲ မင်္ဂလာပွဲကို အဆောတလျင် ဆောင်တာမျိုးက ဒုက္ခ တွေ့လိမ့်မယ်လို့ ဆိုကြပါတယ်။ ကမ္ဘောဒီယားမှာ တရားဝင်မင်္ဂလာပွဲဆင်နွှဲရမယ့် အသက်အရွယ်ဟာ (၁၈)နှစ်ဖြစ်ကြောင်း သိရပါတယ်။ သတို့သားသတို့သမီးအနက် တစ်ဦးဦးက အသက်(၁၈)နှစ် မပြည့်သေးဘူးဆိုရင် ဥပဒေချိုးဖောက်မှုလို့ ဆိုရမယ့်သဘောပါ။


လင်းသုတ