ကိုဗစ်ကြောင့် အခန်းအောင်းတဲ့ စုံတွဲတွေများလာလို့ စျေးကွက်အတွင်း ကွန်ဒုံးပြတ်လပ်

2020-03-31 23:52:37


ကိုဗစ်ကြောင့် အခန်းအောင်းတဲ့ စုံတွဲတွေများလာလို့ စျေးကွက်အတွင်း ကွန်ဒုံးပြတ်လပ်

ကိုဗစ်ကြောင့် အခန်းအောင်းတဲ့ စုံတွဲတွေများလာလို့ စျေးကွက်အတွင်း ကွန်ဒုံးပြတ်လပ်


ဂါးဒီယန်းသတင်းစာရဲ့ဖော်ပြချက်အရ လက်ရှိစျေးကွက်အတွင်းမှာ ကွန်ဒုံးတွေ ပြတ်လပ်နေကြောင်း သိရပါတယ်။ အခုအခါမှာ ကိုဗစ်ကပ်ဆိုးကြောင့် အခန်းအောင်းတဲ့စုံတွဲတွေ ပမာဏတိုးပွားလာခြင်းကလည်း ကွန်ဒုံးတွေ စျေးကွက်အတွင်းမှာ ဝယ်လိုအား မလောက်ငတာမျိုးကို ဖြစ်စေတာပါတဲ့။ ပညာရှင်တွေကတော့ ကိုဗစ်ကြောင့် လာမယ့်ကိုးလအတွင်းမှာ ကလေးမွေးဖွားမှုနှုန်းဟာ စံချိန်တင် မြင့်တက်လာဖွယ်ရှိကြောင်းကိုလည်း အကောင်းဘက်က တွေးမြင်နေကြပါတယ်။ ကမ္ဘာ့အကြီးဆုံး ကွန်ဒုံးထုတ်လုပ်ရေး ကုမ္ပဏီတွေရဲ့အဆိုအရ စျေးကွက်အတွင်းမှာ ကွန်ဒုံးလိုအပ်ချက်ဟာ သန်းပေါင်း(၁၀၀)အထိ ရှိနေပါတယ်တဲ့။

မလေးရှားအခြေစိုက် Karex Bhd ကွန်ဒုံးထုတ်လုပ်ရောင်းချရေး ကုမ္ပဏီအနေနဲ့လည်း သူတို့ဟာ ကမ္ဘာ့ကွန်ဒုံးစျေးကွက်ရဲ့ ငါးပုံတစ်ပုံအထိ ရရှိထားပေမယ့် ကိုဗစ်ရဲ့ရိုက်ခတ်မှုကြောင့် ထုတ်လုပ်ရေးပိုင်းကို ရပ်နားထားရတယ်လို့ ဆိုပါတယ်။ ယင်းကုမ္ပဏီဟာ မလေးရှားမှာ စက်ရုံသုံးခုအထိ ဖွင့်ထားပါတယ်။


Durex ကုမ္ပဏီကတော့ လာမယ့်အပတ် သောကြာနေ့မှာ လုပ်ငန်းလည်ပတ်ခွင့် ပြန်လည်ရရှိထားပါတယ်။ သို့သော်လည်း မူလ လုပ်အားရဲ့ (၅၀)%သာ လည်ပတ်ခွင့်ရမှာ ဖြစ်ခြင်းကြောင့် ကမ္ဘာ့ကွန်ဒုံးစျေးကွက်ရဲ့ လိုအပ်ချက်ကို တစ်ကုမ္ပဏီထဲ ဖြည့်ဆည်းပေးဖို့ မလွယ်ပါဘူး။

ဒီလိုပဲ တစ်ခြားကုမ္ပဏီတွေကလည်း စျေးကွက်ကို Durex က ဦးဆောင်သွားမှာကို မလိုလားပါဘူး။ မလေးရှားကတော့ Lockdown အစီအစဉ်ကို လာမယ့် ဧပြီလ(၁၄)ရက်အထိ ထားရှိမယ်လို့ သိရပါတယ်။ အခြေအနေအရ Lockdown ကို ထပ်မံတိုးမြင့်သွားဖွယ်လည်း ရှိပါတယ်။ ကွန်ဒုံးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာလည်း ဗိုင်းရပ်စ်ကပ်ရောဂါ အတော်လေး သက်ရောက်မှုပြင်းထန်ခဲ့တာကြောင့် ဒေသခံကုမ္ပဏီတွေဟာ လုပ်ငန်းပြန်လည် လည်ပတ်ဖို့ကို အချိန်တော်ကြာအောင် စောင့်ဆိုင်းရဦးမယ့် သဘောမှာ ရှိနေပါတယ်။


လင်းဇောကို (D Nae Khit)