ဗိုင်းရပ်စ်ရှောင်ဖို့အတွက် ဟိုတယ်တစ်ခုမှာ မောင်းမ(၂၀)နဲ့အတူ စံမြန်းနေတဲ့ထိုင်းဘုရင်ကို ဝေဖန်မှုသတင်း ကျယ်ပြန့်လာ

2020-03-31 23:55:49

ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်းဟာ ကိုဗစ်-၁၉ကိုအကြောင်းပြပြီး၊ ဇိမ်ခံဟိုတယ်ကြီးတစ်ခုလုံး ငှားရမ်းကာ ကိုယ်လုပ်တော်မောင်းမ(၂၀)ကျော်နဲ့ ဟိုတယ်တွင်းပုန်းနေတယ်ဆိုတဲ့ သတင်းဟာ ကျယ်ပြန့်လာပါတယ်။ ထိုင်းပြည်သူတွေကတော့ ထိုင်းမှာ အတော်လေး ဒုက္ခရောက်နေပေမယ့်-မဟာဝဇီရာလောင်ကွန်းကတော့ ထိုင်းနိုင်ငံမှာ ရှိမနေဘဲ ဂျာမနီနိုင်ငံတောင်ပိုင်းက အဆင့်မြင့်ဟိုတယ်မှာ စည်းစိမ်ခံမပျက် တိုင်းပြည်ကနေ ရှောင်ထွက်နေခဲ့တာလို့ ဝေဖန်ရေးသမားတွေက ဆိုနေကြပါတယ်။ ဘုရင်မင်းမြတ် တည်းခိုနေထိုင်တဲ့ ဟော်တယ်ဟာ ဘာဗာရီယာမှာ တည်ရှိပါတယ်။

ဟိုတယ်အမည်ကတော့ Grand Hotel Sonnenbichl ဖြစ်ပြီး၊ ကြယ်လေးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တစ်လုံးပါ။ ဂျာမနီမှာ Lockdown စည်းကမ်းတွေ ထုတ်ပြန်ထားသော်လည်း အဲဒီဟိုတယ်ကို ဘုရင်ဝဇီရာလောင်ကွန်က အထူးအခွင့်အရေးအနေနဲ့ အပြတ်ငှားရမ်းထားပြီး၊ ဝန်ဆောင်မှုတွေကတော့ ဆက်လက်ထားရှိပေးနေပါတယ်။

ထိုင်းနိုင်ငံမှာလည်း ကိုဗစ်-၁၉ကြောင့် အတော်လေး အကျပ်အတည်းဖြစ်နေပါတယ်။ ထိုင်းနိုင်ငံမှာ နောက်ဆုံးသတင်းထုတ်ပြန်အချက်အရ ကူးစက်ခံထားရသူဦးရေ (၁၃၈၈)ဦးရှိပြီး၊ သေဆုံးသူ (၉)ဦး၊ ပြန်လည်သက်သာလာသူ (၁၂၇)ဦးအထိ ရှိနေကြောင်း သိရပါတယ်။

လင်းဇော်ကို (D Nae Khit)