ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံ ဂုဏ်သိက္ခာကျအောင် နာမည်ဖျက်နေကြသူများ ရေကြည်ရာ မြက်နုရာ ရှာပါ။ ဒါပေမယ့် ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံကို သိက္ခာချသူတော့ သင် မဖြစ်ပါစေနဲ့။

2020-04-14 15:48:42


ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံ ဂုဏ်သိက္ခာကျအောင် နာမည်ဖျက်နေကြသူများ ရေကြည်ရာ မြက်နုရာ ရှာပါ။ ဒါပေမယ့် ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံကို သိက္ခာချသူတော့ သင် မဖြစ်ပါစေနဲ့။

ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံ ဂုဏ်သိက္ခာကျအောင် နာမည်ဖျက်နေကြသူများ ရေကြည်ရာ မြက်နုရာ ရှာပါ။ ဒါပေမယ့် ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံကို သိက္ခာချသူတော့ သင် မဖြစ်ပါစေနဲ့။


ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံ ဂုဏ်သိက္ခာကျအောင် နာမည်ဖျက်နေကြသူများ

ရေကြည်ရာ မြက်နုရာ ရှာပါ။ ဒါပေမယ့် ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံကို သိက္ခာချသူတော့ သင် မဖြစ်ပါစေနဲ့။


သူ့မြေမှာ နေရင်…


၂၀၁၂ ခုနှစ် တုန်းကပေါ့။ ဖို့ထ်ဝိန်းမြို့ကို အမေစု လာခဲ့စဉ်အခါက ပြောဖူးခဲ့တဲ့ စကားတချို့ကို ပြန်ကြားယောင်မိတယ်။ “ဒီနိုင်ငံမှာ လာပြီးတော့ ဒီနိုင်ငံကို အကျိုးပြုနိုင်တဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ်မယ် ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံ အတွက်လည်း ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်။ ဘယ်တော့မှလည်း ကျွန်မတို့ မဖြတ်ပစ်လိုက်ပါဘူး။ ဘယ်တော့မဆို မြန်မာနိုင်ငံကနေ ထွက်လာတဲ့ ဘယ်သူမဆိုဟာ ကျွန်မတို့ နိုင်ငံနဲ့ ဆက်စပ်မှု ရှိနေမှာပဲ။ ကျွန်မတို့ထဲက အပါအဝင် ဖြစ်တယ်လို့ စိတ်ထဲမှာ ထားမှာပါ။ ဘယ်ပဲရောက်ရောက် ကိုယ့်ရဲ့ အမိနိုင်ငံကနေပြီးတော့ ဂုဏ်ယူနိုင်တဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်အောင် ကြိုးစားကြပါ လို့ ကျွန်မ အနေနဲ့ မေတ္တာ ရပ်ခံချင်ပါတယ်”


အဲဒီတုန်းကတော့ အမေစုက အမေရိကန် နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ပြောခဲ့တယ် ဆိုပေမယ့် အဲဒီစကားဟာ ပြန်တွေးကြည့်ရင် ပြည်ပ ဘယ်နိုင်ငံကို၊ ဘယ်အကြောင်းနဲ့ပဲ ရောက်ရောက် မြန်မာနိုင်ငံမှာ မွေးခဲ့သူ မြန်မာတွေ အားလုံး အတွက် သက်ဆိုင်တယ်လို့ ထင်ပါတယ်။


ကျွန်တော်တို့ဟာ သူများနိုင်ငံကို သွားပြီး တသက်လုံးပဲ နေနေ၊ အကြာပြီးပဲ အခြေချချ၊ ခဏတဖြုတ်ပဲ စီးပွားရှာရှာ အားလုံးဟာ သူ့မြေသူ့ရေမှာ နေရင် သူတို့ဆီက စည်းကမ်းတွေ အတိုင်း လိုက်နာနေထိုင်ရပါမယ်။ ကောင်းတာပဲ လုပ်လုပ် ဆိုးတာပဲ လုပ်လုပ် အဲဒီလူဟာ မြန်မာနိုင်ငံဖွား ဆိုတာ ဘယ်နိုင်ငံမှာ မဆို အရိပ်ထင်ပါတယ်။ ဟိုနိုင်ငံတွေမှာ အခြေကျလို့ သူတို့ နိုင်ငံသား ခံယူလိုက်ရင်တောင် မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား၊ မြန်မာနိုင်ငံဖွား မလေးရှား နိုင်ငံသား၊ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသား..စသဖြင့် ဒီအရိပ်ဟာ ကိုယ့်မူလ တိုင်းပြည်ကို အမြဲ ထင်ဟပ်နေတာပါ။ ဒီအခြေခံ သဘောလေးကို နားလည်တယ်ဆိုရင်ပဲ သူ့နိုင်ငံမှာနေပြီး သူ့စည်းကမ်းကို လိုက်နာတာနဲ့တင် ကိုယ့်နိုင်ငံ ပုံရိပ်ကောင်းကို အလိုလို ဖော်ပြပြီးသား ဖြစ်ပါတယ်။


အခုဆို တကမ္ဘာလုံးမှာ Covid-19 ကြောင့် နေရာအနှံ့ လူစုလူဝေးတွေကို ပိတ်ပင်၊ စည်းကမ်းချက်တွေ ချမှတ်ပြီး တားမြစ်နေတဲ့ အချိန်ပါ။ ဒီအချိန်ဟာ သူ့နိုင်ငံ သက်ဆိုင်ရာ စည်းကမ်းတွေ ဆိုတာထက် ကမ္ဘာအသိ သိပြီးတော့ကို ကျန်းမာရေး သတိနဲ့ လူစုစု စုစု မလုပ်သင့်တဲ့ အချိန်ပါ။ ဒါကို မလေးရှားရောက် မြန်မာတချို့ သင်္ကြန် အကြိုနေ့ဆိုပြီးတော့ လူတွေ အများကြီး စုဝေးပြီး မနေ့ညက ရေကစား ခုန်ပေါက် ပျော်ပါးနေကြတာဟာ တော်တော်ကို အလိုက်မသိတဲ့ လုပ်ရပ်ပဲ။


Live လွှင့်နေတဲ့အချိန် (အခုတော့ မူလပိုင်ရှင်က ဖျက်သွားပါပြီ) မှာ သူတို့ မလေးရှား နိုင်ငံသား တချို့က ဒေါသတကြီးနဲ့ ရှယ်ယာလုပ်ရင်း အမျက်စာသားတွေ ရေးထားတာ မြင်ခဲ့ရတယ်။ “အဲဒီ F…k မြန်မာတွေ အကုန် ပြန်မောင်းထုတ်ပစ်” “ဒီလောက် အသိမရှိတဲ့ တိရိစ္ဆာန်တွေက ဘယ်ကလဲ” “ရဲတွေ အခုလာဖမ်းပြီး ဒီအရိုင်းအစိုင်းတွေကို နေရပ်ပြန်ပို့ပါ” …တဲ့။ ရင်ကို တစစ်စစ် နာကျင်စေရတဲ့ စကားတွေ။


ဆဲတဲ့လူ မလွန်ပါ။ အဲဒီ ပျော်ပါးစုဝေးနေတဲ့ လူအုပ်ကြီး ဆော့ကစားနေတဲ့ ရေနဲ့အတူ ပါသွားတဲ့ သူတို့ရဲ့ ဆင်ခြင်ဉာဏ်မဲ့ အသိတရားတွေကြောင့် ကျရတဲ့ နိုင်ငံ့ သိက္ခာအတွက်တော့ တော်တော် ဝမ်းနည်းမိတယ်။


ရေကြည်ရာ မြက်နုရာ ရှာပါ။ ဒါပေမယ့် ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံကို သိက္ခာချသူတော့ သင် မဖြစ်ပါစေနဲ့။ ချစ်ခြင်းမေတ္တာဖြင့်


လေးစားစွာဖြင့် ခရစ်ဒက် —— ကလိုစေးထူး


ဧပြီလ ၁၂ ရက်၊ ၂၀၂၀ ခုနှစ်၊ ဒေသစံတော်ချိန်၊ ည ၁၀ နာရီ ၃၃ မိနစ်။