တရားဟောဆရာနဲ့ ထိတွေ့မှု ရှိခဲ့လို့ Quarentine ဝင်နေရပြီဖြစ်တဲဲ့ သရုပ်ဆောင်သီရိရှင်းသန့်

2020-04-15 13:58:20


တရားဟောဆရာနဲ့ ထိတွေ့မှု ရှိခဲ့လို့ Quarentine ဝင်နေရပြီဖြစ်တဲဲ့ သရုပ်ဆောင်သီရိရှင်းသန့်

တရားဟောဆရာနဲ့ ထိတွေ့မှု ရှိခဲ့လို့ Quarentine ဝင်နေရပြီဖြစ်တဲဲ့ သရုပ်ဆောင်သီရိရှင်းသန့်


လက်ရှိမှာ Quarantine ဝင်နေပြီး ဆေးစစ်မှု ခံယူနေရတယ်လို့ သိရပါတယ်။


အဆိုတော် သီရိရှင်းသန့်ဟာ Covid -19 ရောဂါပိုးတွေ့ရှိခဲ့သူ ခရစ်ယာန်တရားဟောဆရာ စော‌ဒေးဗစ်လားနဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် Quarantine ဝင်နေပြီး ဆေးစစ်မှု ခံယူနေရတယ်လို့ သိရပါတယ်။ သီရိရှင်းသန့်အပြင် သူမရဲ့ မောင်ဖြစ်သူပါ Quarantine ဝင်နေရတာပါ။


“မနေ့က ဆေးစစ်တယ် လောလောဆယ် ဆေးအဖြေမရခင် လမ်းမတော်မှာ သူတို့ကို ထားထားတယ်။ လမ်းမတော်မှာအဆင်မပြေလို့ မင်္ဂလာဒုံမြို့နယ်က ရဝေနွယ် (အင်းမ)ကျောင်းမှာ သွားနေတယ်လို့ သိရပါတယ်။ လောလောဆယ် အဖြေစောင့်နေပါတယ်။ သူတို့က ဆရာဒေးဗစ်လားတို့နဲံထိတွေ့မှုရှိတာကြောင့်ပါ “ လို့ အလုံမြို့နယ်ကတာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

အဆိုတော် သီသိရှင်းသန့်ဟာ ဘာသာရေးပွဲတွေ တော်တော်များများကို တက်ရောက်ခဲ့သူတစ်ဦး ဖြစ်ပြီး တရားဟော ဆရာစောဒေးဗစ်လား၊အဆိုတော်မျိုးကြီး၊ဂျေမီတို့နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။


လက်ရှိမှာ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် အဆိုတော် သီရိရှင်းသန့်မှာ Covid -19 ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မဟုတ်မှန်ကြောင်းကို အလုံမြို့နယ်ကတာဝန် ရှိသူတစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။


“လက်ရှိမှာ ဆေးစစ်ထားတုန်းပါ။ဆေးစစ်ချက်အဖြေကို စောင့်နေပါတယ်”လို့ သူက ဆိုပါတယ်။


Credit Duwun