အာရုံလာမနောက်ဖို့ သတိပေးလာတဲ့ J Me

2020-04-15 16:13:31


အာရုံလာမနောက်ဖို့ သတိပေးလာတဲ့ J Me

အာရုံလာမနောက်ဖို့ သတိပေးလာတဲ့ J Me


လူငယ်ကြိုက် Rapper တစ်ယောက်ဖြစ်သူ J Me ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက Covid – 19 ကူးစက်လူနာတွေနဲ့ အတူတူရှိနေခဲ့တာမို့ Quarantine (၂၁) ရက် ဝင်နေပြီပဲ ဖြစ်ပါတယ်။


J Me က ဘာသာရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ ဝေဖန်မှုကို ခံနေရတာဖြစ်ပြီး သူ့အနေနဲ့ သူလုပ်သင့်လုပ်ထိုက်တာကို လုပ်နေပြီး


သူ့ကို အာရုံလာမနောက်ဖို့ အခုလိုပဲ ပြောထားပါတယ် “ကျုပ်ကလေ ကျုပ်မှန်တယ်ထင်ရင်”မိခင်ဖခင်ရင်း”တောင်၁ချက်လေးလှည့်မကြည့်တာ။


အလကားနေရင်းလူများလိုက်ဆဲနေတယ့်”ရွာသားကြိုက်နောက်လိုက်တွေ” ပိုတောင်မကြောက်သေး။


ဒဲ့ပြောတာမကျေနပ်ရင် ခင်ဗျားတို့ဆဲသမျှခံမယ်အဖွဲ့တွေရှိပါတယ်။ ရန်ကုန်မှာအများကြီး သူတို့သွားဆဲပေါ့။


ကျုပ်Pageမှာအာရုံလာမနောက်နဲ့။ ကိုယ့်ကိုလေးစားစေချင်ရင်လူများကိုလည်လေးစားရတယ်။” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။


J Me နဲ့ သူ့ရဲ့ မိသားစုဝင်တွေကတော့ လှိုင် Quarantine Center မှာ စောင့်ကြည့်ခံနေရတာဖြစ်ပြီး Covid – 19 ကူးစက်မှု ရှိ၊ မရှိ မသိရသေးပါဘူး။


ပရိသတ်ကြီးလည်း J Me အတွက် အကောင်းဆုံးတွေဖြစ်လာဖို့ ဆုတောင်းပေးကြပါဦးနော်။