ကိုဗစ်၁၉ ရောဂါ ဖြစ်နေ တဲ့ အမေရိကန် မှာ အစိုးရ ထောက်ပံကြေး မြန်မာငွေ ၁၇ သိန်း ခန့် ရလိုက်တဲ့ ဥက္ကာမင်းမောင်

2020-04-17 15:47:29


ကိုဗစ်၁၉ ရောဂါ ဖြစ်နေ တဲ့ အမေရိကန် မှာ အစိုးရ ထောက်ပံကြေး မြန်မာငွေ ၁၇ သိန်း ခန့် ရလိုက်တဲ့ ဥက္ကာမင်းမောင်

ကိုဗစ်၁၉ ရောဂါ ဖြစ်နေ တဲ့ အမေရိကန် မှာ အစိုးရ ထောက်ပံကြေး မြန်မာငွေ ၁၇ သိန်း ခန့် ရလိုက်တဲ့ ဥက္ကာမင်းမောင်


ဒီနေ့ အမေရိကန်အစိုးရကပေးသော $1200 ဘဏ်ထဲ ရောက်လာတယ်..အိမ်ထောင်ကျပြီးသားစုံတွဲတွေကို $2400.. ကလေးရှိတဲ့မိသားစုတွေအတွက် ကလေးတယောက်ကို $500 ပေးပါတယ်..


ဒီ $1200 က Republicans ဘက်ကစတင် proposal လုပ်ပြီး လွှတ်တော်က pass လိုက်တာပါ..Trump က ပေးသော မုန့်ဖိုးပေါ့လေ.. အိမ်မှာနေရင်းထိုင်ရင်း ဘဏ်ထဲ ပိုက်ဆံ သူ့အလိုလိုရောက်လာတော့လဲ သုံးရတာပေါ့.. အဲ့ဒီ $1200 က tax ပေးစရာမလိုပါဘူး..


Democrats ဘက်ကလဲ Covid ကာလမပြီးမချင်း economy ပုံမှန်မဖြစ်သေးသရွေ့ လတိုင်း လူတယောက်စီကို $2000 ပေးဖို့ proposal လုပ်တယ်တဲ့.. ကလေးရှိရင် ကလေးတစ်ယောက်ကို $500 ပေးပါမယ်တဲ့.. Pass တော့မဖြစ်သေးပါဘူး..ဖြစ်ရင်တော့လဲ ကောင်းတာပေါ့..(အောက်မှာ article ကို ဖတ်ရအောင်တွဲတင်ထားပါတယ်)

 

Unemployment လျှောက်တဲ့သူတွေလဲ တပါတ်ချင်း ရမယ့်ပိုက်ဆံအပြင် အပါတ်စဉ် အပို $600 ထပ်ဆောင်းပေးပါတယ်..စုစုပေါင်း တပါတ်ကို $1000 ဝန်းကျင်လောက် unemployment က ပေးပါတယ်.. အဲ့ဒီပိုက်ဆံက tax ပေးရပါတယ်.. ကောင်းတာတခုက Covid ကာလမို့ health Insurance ကို အရမ်းသက်သက်သာသာနဲ့ ရလိုက်တယ်.. အဲ့ဒါအကျေနပ်ဆုံးပဲ.. ဒီမှာက insurance မရှိရင် ဈေးကြီးလို့…


New York မှာအပြင်ထွက်ရင် လူတိုင်း Mask ပါကို ပါရမယ်လို့ စည်းကမ်းဒီနေ့ထွက်လာပါတယ်..New York state မှာ မနေ့က April 14 မှာ ၂၄ နာရီအတွင်း သေဆုံးသူ 752 ယောက်.. New York state မှာ သေတာ လူ တစ်သောင်းကျော်ပါပြီ.. ကူးစက်ခံရသူဦးရေက ၂ သိန်းကျော်ပါ..တနိုင်ငံလုံး ကူးစက်ခံရသူ ၆ သိန်းခွဲကျော် လောက်ရှိပါပြီ..လွန်ခဲ့သော ၉ ရက်ကမှ တနိုင်ငံလုံး ကူးစက်ခံရသူစာရင်းက ၃ သိန်းခွဲ.. ၉ ရက်အတွင်း ၃ သိန်းလောက်စာရင်းတက်လာပါတယ်..

 

California state ကတရားမဝင်နေထိုင်နေတဲ့ လူ ၁ သိန်းခွဲ အတွက် ထောက်ပံ့ကြေး $500 စီပေးဖို့စီစဉ်နေပါတယ်.. တရားမဝင်နေတဲ့ သူတွေကတော့ အများကြီးရှိမှာပါ.. လောလောဆယ်တော့ လူ ၁ သိန်းခွဲအတွက်ပါပဲတဲ့.. ဖတ်ရသလောက် သိရသလောက် အမေရိကမှာ ဖြစ်ပျက်နေသမျှကို ဗဟုသုတပြန်လည်မျှဝေတာပါ


https://www.businessinsider.com/americans-would-receive-2000-a-month-under-house-democrats-plan-2020-4?fbclid=IwAR0u2JwyeCZ_gArUqQYqoU4JUAN0T2GF_dp5EVeITufNHtGaYM4-M1-pXFc


Credit- Okkar Min Maung’s Facebook