ကိုယ်အားပေးတဲ့အသင်း ဖလားရယူ အောင်ပွဲခံတာကိုတောင် ကြည့်မသွားနိုင်ရှာတဲ့ အမာခံပရိသတ်

2020-04-17 23:30:22


ကိုယ်အားပေးတဲ့အသင်း ဖလားရယူ အောင်ပွဲခံတာကိုတောင် ကြည့်မသွားနိုင်ရှာတဲ့ အမာခံပရိသတ်

ကိုယ်အားပေးတဲ့အသင်း ဖလားရယူ အောင်ပွဲခံတာကိုတောင် ကြည့်မသွားနိုင်ရှာတဲ့ အမာခံပရိသတ်


အမှတ်ပေးချန်ပီယံဆုနဲ့ အနှစ်(၃၀)ကြာ အလှမ်းဝေးခဲ့ရတဲ့ လီဗာပူးအသင်းဟာ ယခုနှစ်မှာ နောက်ထပ် နိုင်ပွဲအနည်းငယ် ရယူလိုက်ရုံနဲ့ အမှတ်ပေးချန်ပီယံ ဖြစ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ဆိုးကြောင့် ပွဲစဉ်တွေကို ရပ်နားထားလိုက်ရပြီး၊ ဖလားကိုင်မြှောက်ရမယ့် အချိန်ကို ပိုပြီးကြာရှည်သွားစေခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ အမာခံပရိသတ်ကြီးတစ်ဦးကတော့ မိမိချစ်ခင် အားပေးတဲ့အသင်း ဖလားကိုင်မြှောက် အောင်ပွဲခံတာကိုတောင် မစောင့်နိုင်တော့ဘဲ၊ သေဆုံးသွားခဲ့ရပါတယ်။ အမာခံပရိသတ်ကြီးရဲ့အမည်ကတော့ Nick Burrows ပါ။

သူဟာ အသက်(၄၉)နှစ်ဖြစ်ပြီး၊ လူမှန်းသိတက်စကတည်းက ကြိုးကြာနီတွေကို အားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ Nick တစ်ယောက် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး၊ ရောဂါဆိုးကို တောင့်ခံမထားနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့ခမျာ အသင်း ဖလားကိုင်မြှောက် အောင်ပွဲခံတဲ့အချိန်ထိ တောင့်မခံနိုင်ခဲ့ပါဘူးတဲ့။ Nick ဟာ Aintree Hospital ဆေးရုံမှာ ဧပြီ(၅)ရက်နေ့က သေဆုံးခဲ့တာပါ။ Nick ဟာ သူသက်ရှိထင်ရှား ရှိနေစဉ်က လီဗာပူးအသင်းရဲ့ သမိုင်းတလျှောက် အကျႌတွေ- ကစားခဲ့တဲ့ ဘောလုံးတွေ၊ ကစားသမားတွေဆီကနေ ရရှိတဲ့အမှတ်တရတွေကို အမြတ်တနိုးစုဆောင်းလေ့ရှိသူဖြစ်ပါတယ်။ သူဟာ လီဗာပူးအသင်းရဲ့ပွဲစဉ်တွေကို အိမ်ကွင်းပွဲတိုင်းနီးပါး သွားရောက်ကြည့်ရှုလေ့ရှိကြောင်း သိရပါတယ်။


Nick ဟာ Learning difficulties ကို ခံစားခဲ့ရသူဖြစ်ပြီး၊ မသေဆုံးခင် (၆)ရက်လောက်မှာ နေမကောင်းဖျားနာ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဆေးစစ်ကြည့်ရာမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း အဖြေထွက်ပေါ်ခဲ့ပါတယ်။ သူဟာ Aintree Hospital ဆေးရုံမှာမှာ နှစ်ရက်ကြာ အရေးပေါ်ကုသမှုခံယူခဲ့ပေမယ့်၊ သေဆုံးသွားခဲ့ပါ်တယ်။


လင်းဇော်ကို (D Nae Khit)