ဇော်ဝင်းထွဋ်ရဲ့ အမေ အဆိုတော်ကြီး ထား ကွယ်လွန်သွားပြီဆိုတဲ့ သတင်းနဲ့ ပက်သတ်ပြီးဖြေရှင်းလာတဲ့ ဝင်းထွဋ်တာရာ

2020-04-20 13:22:10

အဆိုတော် ဇော်ဝင်းထွဋ်ကတော့ Covid – 19 ပိုးရှိသူတွေနဲ့ နီးနီးကပ်ကပ်နေထိုင်ဖူးတာမို့ လက်ရှိမှာ Quarantine (21) ရက်ဝင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဇော်ဝင်းထွဋ်ရဲ့မိခင်ဖြစ်သူ အဆိုတော် ထား

Covid – 19 ကြောင့် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ထိုသတင်းနဲ့ ပက်သတ်ပြီး ဇော်ဝင်းထွဋ်ရဲ့သမီး ဝင်းထွဋ်တာရာက အခုလိုပဲ ဖြေရှင်းထားပါတယ်။

“အဘွားက အိမ်မှာပါ ကျန်းကျန်းမာမာရှိပါတယ်။ ကျန်းမာတာမှ မနက်က ဟင်းတွေတောင် ချက်ကျွေးပြီး ငါးအရိုးတောင် လာနွှင်ပေးနေတာပါ။ အသက်က ခုမှ ၈၀ ပါနော်။ သတင်းမှားတွေ ဖွတာတွေ တော်ကြပါတော့။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖြေရှင်းထားပါတယ်။

ဇော်ဝင်းထွဋ်ကိုယ်တိုင်ကလည်း Quarantine Center မှာ ကျန်းကျန်းမာမာရှိနေသလို အဆိုတော်ကြီး ထားကလည်း သူမရဲ့ နေအိမ်မှာပဲ ကျန်းကျန်းမာမာရှိနေဆဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit Cele Connections

Source:Win Htut Tara’s fb