ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၅

2019-07-27 19:53:31


ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၅

ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၅

မုဒိမ်းမှု

ယောက်ျားသည် မိန်းမနှင့် ကာမစပ်ယှက်သည့်အခါ အောက်ပါတစ်ချက်ချက်နှင့် အကျုံးဝင်လျှင် မုဒိမ်းမှုဖြစ်သည် –

(၁) မိန်းမက အလိုမတူငြင်းဆန်ခြင်း ။

(၂) မိန်းမက ခွင့်မပြုခြင်း ။

(၃) မိန်းမက ခွင့်ပြုသော်လည်း ခွင့်ပြုရခြင်း အကြောင်းခြင်းရာမှာ- သေစေမည်-နာကျင်စေမည်ဟု ကြောက်ရွံ့၍ ခွင့်ပြုရခြင်း ။

(၄) မိန်းမက ခွင့်ပြုသော်လည်း ဖြစ်ခြင်းအကြောင်းခြင်းရာကို အယူအဆလွဲ၍ ခွင့်ပြုရခြင်း ။

(၅) ခွင့်ပြုသည်ဖြစ်စေ ၊ ခွင့်မပြုသည်ဖြစ်စေထိုမိန်းမသည် အသက် (၁၆) နှစ်အောက် ငယ်ခြင်း ။

ရှင်းလင်းချက်

ဒီဥပဒေမသိတဲ့ ယောက်ျားတချို့ကပြောကြတယ်….ကိုယ်တရားဝင် မင်္ဂလာဆောင်ပီးယူထားတဲ့ မိန်းမကိုတောင် “ကိုယ့်ဇနီးပဲ / ကိုယ့်မိန်းမပဲ/ကိုယ့်မယားပဲ” ကိုယ်လုပ်ချင်သလို လုပ်လို့ရတယ်….ကိုယ့်မိန်းမကို ကိုယ်လုပ်တာ ဘာဖြစ်လဲ?ဘယ်သူ့ကို စောက်ခရုစိုက်စရာလိုလို့လဲတဲ့…”

ရှင်းပြမယ်

နံပတ် (၁) မိန်းမက သဘောမတူပဲ ငြင်းနေရဲ့သားနဲ့လုပ်ရင် …ဒါ မုဒိမ်းမှုကို ကျူးလွန်တာပါပဲ…

နံပတ် (၂) မိန်းမက ခွင့်မပြုဘူး….မလုပ်ဖို့တားတဲ့ကြား လုပ်ရင်မုဒိမ်းမှုကို ကျူးလွန်တာပါပဲ…..

နံပတ် (၃) မိန်းမက ခွင့်ပြုတယ် ….ဒါပေမဲ့ သူစိတ်ထဲမှာတော့သဘောမတူဘူး….မင်းကို ကြောက်လို့တာ ခွင့်ပြုလိုက်ရတယ်ဆိုရင်လည်း မုဒိမ်းမှု ကျူးလွန်တာပါပဲ…..

ဥပမာ….ဟိုက သဘောမတူဘူးလို့ ငြင်းတော့ မင်းက ပြောပီလေ….ပြေသလို လုပ်မလား မလုပ်ဘူးလား..

မလုပ်ရင် သတ်မယ်/ ဖြတ်မယ်…မင်းခန္ဒာကို အရိုးတွေ ချိုးပစ်မယ်….ဓား/သေနတ် လက်နက်တွေ သုံးပီး ချိန်း၆ပီးမရရအောင် သူမကို ကြံစည်ရင် ဒါမုဒိမ်းမှုကိုကျူးလွန်နေတာပါပဲ….

နံပတ် (၄) မိန်းမက ခွင့်ပြုတယ်….ဒါပေမဲ့ လူမှားပီး ခွင့်ပြုတယ်ဆိုရင်မုဒိမ်းမှုကို ကျူးလွန်လိုက်တာပါပဲ….

ဥပမာ….aထွးညို နဲ့ သာဒင် လင်မယား (၂)ယောက်ဆိုပါတော့

ထွေးညိုက နေ့မှာ ပင်ပန်းထားတဲ့ အလုပ်ကိစ္စတွေကြောင့် မောမောပန်းပန်းနဲ့ အိပ်နေတယ်…..

သာဒင်ကလည်း အဲညမှာ အလုပ်ကိစ္စကြောင့် အိမ်ပြန်မလာဘူး…..

“အဲဒီအချိန်မှာ “မြမောင် ” က “သာဒင်”ဟန်ဆောင်ပီး”ထွေးညို”ကို လုပ်နေတယ်ဆိုပါတော့….

” ထွေးညို” ကလည်း သူခင်ပွန်း “သာဒင်” လို့ ထင်မှတ်ပီးခွင့်ပြုတယ်ဆိုပါတော့….

“ကိစ္စတွေလည်း ပီးရော “ထွေးညို” မျက်စိဖွင့်ကြည့်လိုက်တော့ သူ့ခင်ပွန်း ” သာဒင်” မဟုတ်ဘဲ “မြမောင်”ဖြစ်နေတယ်….(ကိစ္စမပီးခင်သိရင်လည်း မုဒိမ်းမှုပဲ ဒါဆို “မြမောင်”က မုဒိမ်းမှုကို ကျူးလွန်လိုက်တာပါပဲ….

“သူ့လင်ထင်မှတ်လို့ သူခွင့်ပြုလိုက်တာလေ….”

နံပတ် (၅) ခွင့်ပြုပြု မပြုပြု….မိန်းမက အသက် (၁၆)နှစ်အောက် ဖြစ်နေရင် မုဒိမ်းမှုကို ကျူးလွန်တာပါပဲ…..”မိန်းကလေးတွေကို လိုရင်း ပြောလိုက်မယ်…..”

“မင်းတို့ခွင့်မပြုပဲ အတင်းအဓမ္မလုပ်တဲ့ ယောက်ျားကိုမင်းတို့ သဘောမတူဘူးဆိုရင် ရဲစခန်းလာတိုင်ပါ…..”Welcome ! ကြိုဆိုလျက်ပါ….

ယောက်ျားဖြစ်ဖြစ် ၊ ချစ်သူဖြစ်ဖြစ် ၊ ဘယ်သူ ဖြစ်ဖြစ်သဘောမတူပဲလုပ်ရင် လာခဲ့ ရဲစခန်း

ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆ “မုဒိမ်းမှုအတွက် ပြစ်ဒဏ် ”

မည်သူမဆို စုံစမ်းစစ်ဆေး၍ မုဒိမ်းမှုကျူးလွန်ကြောင်းပေါ်ပေါက်ပါကထောင်ဒဏ် (၁၀) နှစ်  ငွေဒဏ်  ဒဏ် (၂)ရပ်စလုံး ချမှတ်ရမည်….

ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၇ “ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှု”

မည်သူမဆို (ကျား/ မ) ယောက်ျားနှင့်ဖြစ်စေ….မိန်းမနှင့် ဖြစ်စေ….တိရိစ္ဆာန်နဲ့ ဖြစ်စေ….မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလျှင် ထောင်ဒဏ် (၁၀) နှစ် ငွေဒဏ် ဒဏ် (၂) ရပ်စလုံး ချမှတ်ရမည် ….

မှတ်ချက် ။ ။ နှစ်ဦးစလုံး တရားခံအဖြစ်တရားစွဲတင်ရမည် ။

သတိထား!”ကျား”အချင်းအချင်း ပူးတဲ့လူတွေ / “မ”အချင်းချင်းပူးတဲ့လူတွေ….ဖော်ပြပါ ဆန့်ကျင်ဖက် ပူးတဲ့လူတွေ….စုံစမ်းစစ်ဆေးလို့ ပြစ်မှုပေါ်ပေါက်ရင် # ထောင်ဒဏ်(၁၀)နှစ်ပဲ…..

ဒီဥပဒေအကြောင်းကို တယောက်နဲ့တယောက် မသိတဲ့လူတွေကို ပြန်လည် နားချခြင်းဖြင့်ကူညီပါ…

အားလုံးကို ကျေးဇူးတင်ပါတယ်….