” မိမိုက်နေတဲ့ ကကွက်တွေကပြကာ အကဝါသနာပါကြောင်းကို ထုတ်ဖော်ပြလိုက်တဲ့ ဝါဆိုမိုးဦးရဲ့ ဗီဒီယိုဖိုင် “

2020-05-02 11:07:32


” မိမိုက်နေတဲ့ ကကွက်တွေကပြကာ အကဝါသနာပါကြောင်းကို ထုတ်ဖော်ပြလိုက်တဲ့ ဝါဆိုမိုးဦးရဲ့ ဗီဒီယိုဖိုင် “

” မိမိုက်နေတဲ့ ကကွက်တွေကပြကာ အကဝါသနာပါကြောင်းကို ထုတ်ဖော်ပြလိုက်တဲ့ ဝါဆိုမိုးဦးရဲ့ ဗီဒီယိုဖိုင် “


CeleConnectoionsပရိသတ်ကြီးရေ ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကလေးဘဝကတည်းက သရုပ်ဆောင်အလုပ်ကိုလုပ်ကိုင်လာခဲ့တဲ့မင်းသမီးတစ်လက်ပါ။ အရွယ်ရောက်လာတာနဲ့ အမျှ ပုရိသအပေါင်းကို ရင်ခုန်စေတဲ့ အလှတွေပေါ်လွင်လာကာ အမိုက်စားဘော်ဒီနဲ့ အထာကျကျမင်းသမီးတစ်လက်ဖြစ်လာတယ်ဆိုတာ အမှန်ပါပဲနော်။


သူမရဲ့ ပွဲတက်ဖက်ရှင်တွေကိုလည်း မိန်းကလေးတော်တော်များများက သဘောကျအားပေးလေ့ရှိကြပါတယ်။အချစ်ရေးကတော့ နိုင်ငံကျော်အဆိုတော် ဖြိုးလေးနဲ့ဖြစ်ပြီး ပရိသတ်တွေ သဘောကျအားပေးရတဲ့ အနုပညာရှင်Idol စုံတွဲတွေထဲက တစ်တွဲအဖြစ် ပါဝင်နေတာပဲဖြစ်ပါတယ်။


ဒါ့အပြင် ဝါဆိုမိုးဦးကတော့ TikTokအမိုက်စား တွေဆော့ကာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်တွေကိုပြန်လည်ဝေမျှလေ့ရှိတဲ့သူတစ်ဦးပါ။ ဒီနေ့မှာလည်း အိမ်မှာ Stay Home နေကာ ” အကဝါသနာပါနေတော့လဲ ကတယ် ရိုက်တယ်ပေါ့လေ ” ဆိုတဲ့ စာလေးနဲ့အတူ အမိုက်စား ဘော်ဒီကို ထင်ပေါ်စေမယ့်ကကွက်တွေနဲ့ အထာကျစွာ ကပြခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း မိမိုက်နေတဲ့ ကကွက်တွေနဲ့ ကပြခဲ့တဲ့ ဝါဆိုမိုးဦးရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီးသဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။


Source : Warso Moe Oo

Candy -CeleConnections